Force Touch နဲ့ Huawei Mate S

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကြိုက်ကြိုက် ၊ မကြိုက်ကြိုက် ၊ ဒီ တကွက်မှာတော့ ပစ္စည်းတူ ပါတာချည်း အတူတူ အရင်ချပြတဲ့ Huawei က ပထမဆုံး ဆိုတဲ့ ဘွဲ့ထူးကို ပိုင်ဆိုင်သွားပါပြီ။ ဟုတ်ပါတယ်ဗျာ။ အဲဒီ Force Touch ပါ။ Apple က iPhone အသစ်ချပြတဲ့ အခါမှာ ပါလာမယ်ဆိုတာ အတော်ကို သေချာ နေပြီ ဖြစ်တဲဲ့ Force Touch နည်းပညာကို Hauwei က သူတို့ ရဲ့ Mate S ဖုန်းအသစ်မှာ ထည့်ပြီး မနေ့က Berlin မှာ ကျင်းပနေတဲ့ IFA – Consumer Electronic Fair မှာ ချပြသွားခဲ့ပါပြီ။ (Force Touch ဆိုတာကတော့ screen ပေါ်မှာ touch တဲ့ အခါ ၊ ဖိတဲ့ အားပေါ်မူတည်ပြီး function အမျိုးမျိုး လုပ်ပေးမယ် နည်းပညာပါ)

blog-huawei-mate-s-1

Huawei Mate S က Force Touch တင်မဟုတ်ပဲ နည်းနည်းလေး ထူးခြားတဲ့ fingerprint reader ပါလာပါတယ်။ Fingerprint Sense 2.0 က ယေဘုယျ sensor တော့ မဟုတ်ပဲ၊ သာမန် unlock လုပ်တာ ၊ payment ဘာညာ ၊ သုံးလို့ရတဲ့ ပြင် ၊ ဒီ sensor ပေါ်မှာ ဘယ်ပွတ် ၊ ညာပွတ်လုပ်ပြီး ပုံတွေ ကို scroll လုပ်လို့ ရသလို ၊ notification တွေကိုလည်း sensor ပေါ်မှာ လက်တင်ပြီး ရွေးလို့ ရသေးတယ် ဆိုပဲ …

blog-huawei-mate-s-12

နောက် Knuckle Sense 2.0 ၊ လက်ဆစ်လေး ကွေးပြီး screen ပေါ်မှာ တောင်ခြစ် မြောက်ခြစ်နဲ့ app တွေ ခေါ်လို့ ရသလို ၊ ၂ ချက်ခေါက်ပြီး print screen ဖမ်းတာ ၊ W လား မသိဘူး ဆွဲပြီး messenger လိုမျိုးမှာ share တာ ၊ လက်ဆစ်လေးနဲ့ ဆွဲပြီး ပုံလေးကို crop လုပ်လို့ ရတာ ။ C လေးဆွဲပြီး pro camera mode ရိုက်လို့ ရတာ စတာတွေ လုပ်လို့ ရမယ်ဗျ။ ခဲရာခဲဆစ် ဘာလို့ လက်ဆစ်ကိုမှ သုံးရလည်း နားမလည်ပေါင်ဗျာ။

blog-huawei-mate-s-10

နောက် ခေတ်စားနေတဲ့ Force Touch ၊ Huawei က နည်းနည်းလေးတော့ twist ထားတယ် ၊ ဖုန်းတိုင်းမှာ မပါဘူးတဲ့ ။ တချို့ နိုင်ငံတွေ ရဲ့ တချို့ အမယ်တွေမှာပဲ ပါမယ်ပြောပြီး ဘယ်နိုင်ငံတုုိ့ ဘယ်အမယ်တို့ကျ ထည့်မပြောသွားဘူး။ ရှိစေတော့ ၊ အဲဒီ Force Touch က promo video မှာတော့ ပုံလေးမှာ နည်းနည်လေး ပိုဖိ လိုက်တာနဲ့ စက်ဝိုင်းလေးနဲ့ မှန်ဘီလူးလေးက ချဲ့ပေးတာမျိုး ပြသွားပါတယ်။

blog-huawei-mate-s-9

app shortcut တွေလည်း လုပ်လို့ ရမှာပေါ့လေ။ ထူးထူးခြားခြား သုံးချင်တယ် ဆိုရင် လိမ္မော်သီးလေး ဘယ်လောက် လေးသလဲ တိုင်းလို့ ရသေးတယ်လို့ပြောသွားတယ်။ ဘာမှလည်း မဆိုင်ဘူး ၊ အသုံးတည့်ပါ့မလား … ဒါလည်း ကျွန်တော် မပြောတတ်…

blog-huawei-mate-s-11

Mate S က premium feel ဖြစ်အောင် metal body ကို သုံးထားတယ် ၊ 7.5mm အထူပဲ ရှိပြီး curved back. Huawei ကတော့ diamond cut ဆိုလား နည်းပညာ သုံးထားလို့ လက်ထဲ ကိုင်လို့ပိုပြီး ကောင်းနေမယ် ဆိုပဲဗျ။

blog-huawei-mate-s-5

Display က 5.5inch, resolution က 1080p (1920 x 1080 pixels). 2.5D curved ကို Gorilla Glass 4 နဲ့ လုပ်ထားမှာ ၊ အတွင်းမှာတော့ Huawei ရဲ့ ကိုယ်ပိုင် octa-core HiSilicon Kirin 935 နဲ့ အလုပ်လုပ်မယ် ၊ RAM က 3 GB. Internal storage က 32 / 64 GB. MicroSD က 128GB ထိ အိုကေ ၊ ဘက်ထရီက 2,700mAh ကို dual-SIM support ပါ။

blog-huawei-mate-s-3

ကင်မရာက နောက်မှာ 13 megapixel, ရှေ့မှာ 8 megapixel. Main camera က sapphire lens, four-color sensor, optical image stabilization (OIS) ပါမယ်။ ရှေ့ကင်မရာက flash ပါမယ် ထင်တယ်ဗျ။ ဒါတော့ ကျွန်တော် မသေချာဘူး

blog-huawei-mate-s-6

စျေးတွေကတော့ 32 GB ကို €650 (ယူရို), 64 GB ကို €700 လို့ ကြားပါတယ်ဗျာ။

🙂 😀

Source: Digital Trends

blog-ad-banner-rk-vent-holder

Leave a Reply

Your email address will not be published. Required fields are marked *