LG ရဲ့ X Cam နဲ့ X Screen ဖုန်း အသစ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

LG က ၂၀၁၆ ကိုတော့ မိုဘိုင်းဖုန်းတွေနဲ့ ဂယက်ရိုက်မလို့လား မပြောတတ်ဘူးဗျ။ ဖုန်းတွေနဲ့ ပတ်သက်ပြီး အသစ်အသစ်တွေ ချပြလာတာ … အခု ၂၁ ရက်နေ့မှာ LG G5 အတွက် ပွဲရှိတာကိုတောင်မှာ ကြားထဲ mid-range phone ၂ မျိုး အသစ်ချပြလိုက်ပြန်ပါတယ်ဗျာ။ နာမည်ကတော့ အဆန်းထဲက X Cam နဲ့ X Screen တဲ့။

blog-lg-xcam

ရှင်းပါတယ်။ X Cam က ကင်မရာ ၂ လုံး ၊ X Screen က screen ၂ ခု…. 😛 😀 ၊ အော်… နောက်နေတာမဟုတ်ဘူး ၊ တကယ်ပြောတာ။

X Cam မှာ နောက်ဖက် ကင်မရာ ၂ လုံး ရှိမယ်လို့ လောလောဆယ် သိရပြီး ၊ ကင်မရာ ၂ လုံးက ဘယ်လို အလုပ်လုပ်ပေးပြီး ဘယ်လို ကောင်းမယ် ဆိုတာတော့ လောလောဆယ် မသိရသေးပါဘူးဗျာ။

X Screen ကတော့ တလောက ထွက်တဲ့ V10 လိုပဲ 4.9 inch main screen ရဲ့ အပေါ်မှာ 1.76 inch second screen ပါလာပြီး ၊ အဲ့ဒီ screen အသေးလေးက G5 မှာ ပါလာမယ့် Always On feature နဲ့ အမြဲ on နေပြီး battery status, notification, time စတာတွေ ပြနေမှာပါ။

လောလောဆယ်တော့် စျေးတို့ ၊ specification တို့ အတိအကျ မသိရသေးပဲ ၊ G5 ချပြမယ့် ၂၁ ရက်နေ့ ပွဲ မှာပဲ တစ်လုံးတစ်ရင်းနဲ့ အားသွန်ခွန်စိုက် အသိပေးမယ်လို့ ယူဆရပါကြောင်း ….

😀 🙂

Source: CNet

Leave a Reply

Your email address will not be published. Required fields are marked *