Screen ၂ ခု နဲ့ LG – V10

~~~ ယူနီကုဒ်နဲ့ဖတ်မယ်ဆို

ဒီမနက်ပဲ အိပ်ရာက ထ ၊ သတင်းလေးတွေ လှန်လော ကြည့်ရှုလိုက်သော သကာလ… ဘာတဲ့… screen ၂ ခု နဲ့ LG ဖုန်း အသစ်။ မျက်စိတွေပါတွေ ပွတ်ကြည့်တာတင် မသေချာလို့ ၊ မျက်နှာသစ်ပြီး YouTube clip ပါ စစ်ကြည့်မှ… တကယ်ဗျ။ ဘယ်တုန်းကမှ (ကျွန်တော်) သတင်း မကြားမိလိုက်ပဲ ၊ ဆိုင်းမဆင့် ဗုံမဆင့်ကြီးကို အသစ်ချပြသွားတာ LG ရယ်။ V10 တဲ့ သူ့နာမည်က ၊ သူများတွေလို leak ပြီးရင်း leak မဟုတ်တာ ကြိုက်သွားပြီ။

အဓိက စိတ်ဝင်စားသွားတာ screen ၂ ခု ဆိုလို့ ၊ ပထမတော့ ကျွန်တော်က အရှေ့ ၁ ခု နောက် ၁ ခု မှတ်တာ ၊ နောက် selfie ကင်မရာကလည်း ၂ ခု တဲ့ ။ ဒါနဲ့ ပဲ ဘာတွေများ ၂ ခု ၂ ခု တွေ ထည့်ထားသတုန်း ဆိုတော့ …

screen ၂ ခုက ဘာရယ် မဟုတ်ဘူး ၊ Note Edge တို့ Note 5 တို့ S6 Edge တို့လိုပေါ့ ၊ ရှေ့မှာပဲ ၂ ခု ၊ ပုံမှန် screen က 5.7 inch, အဲ့ဒီ screen အပေါ်မှာမှ 2.1 inch panel လေး တစ်ခု ထပ်တင်ထားတာ။ သူက always on ။ နာရီကြည့်ဖို့ phone power button လေး ၊ home button လေး နှိပ်ကြည့် စရာမလိုတော့ဘူး ။ နာရီက အဲ့မှာ အမြဲ ပြနေမှာ …

blog-v10-4

Home button ဆိုလို့ ၊ LG ရဲ့ ဒီ V10 အသစ်မှာ ရှိသမျှ ခလုတ်တွေ အားလုံး အနောက်ကို ပို့ထားလိုက်ရော ၊ အေးရော ၊ power button က fingerprint sensor အနေနဲ့ပါ အလုပ်လုပ်ပေးမှာ။

blog-v10-3

ဒုတိယ screen က နာရီ ပြရုံပဲလား ဆိုတော့ မဟုတ်ပါဘူးလေ ၊ အခြား အခြား တိုလီမိုလီလေးတွေလည်း အဲ့မှာ ပြမယ် မှန်းရတယ် ခင်ဗျ။ ဓာတ်ပုံ ရိုက်ရင်လည်း အဲ့ဒီ screen အပိုက zoom bar လို အလုပ်လုပ်ပေးမှာ။ တခြားတခြားတွေကတော့ LG နဲ့ လက်တွဲထားတဲ့ app တွေ အနေနဲ့ အဲ့ဒီ screen အပိုလေးမှာ ဘာဘာညာညာ ပြလို့ ရမယ် ထင်တယ် ခင်ဗျ။ ဒါတော့ ကျွန်တော်လည်း သေချာ မသိပါဘူး။

blog-v10-6

အော် … ဘောင်တွေက stainless steel, နောက်ဖက်က ဖက်ရှင်ပေါ်လိုက်ပြီး ပြောင်းချင်ရင် ပြောင်းလို့ရတဲ့ silicon တဲ့။ LG ကတော့ military-grade durability လို့ ပြောတာပါပဲ။ ဘောင်က steel နဲ့ မို့ ၄ ပေက ပြုတ်ကျတာ အိုကေတယ် ၊ နောက်ဖက်က silicon က ကိုင်လို့ပိုမြဲတယ်လို့ သွားစမ်းကြည့်တဲ့ သတင်းသမားကတော့ သူ့ သတင်းမှာ ရေးထားသဗျ။

(အော် … ရေစို မခံဘူးနော် ၊ military grade ဆိုတာ ပြုတ်ကျတာပဲ စမ်းထားတာဖြစ်မယ်)

blog-v10-1

Selfie ကင်မရာ ၂ လုံးက သာမန် ၁ လုံးထဲမှာ ဘော်ဒါတွေ မဆန့်ရင် ၂ လုံးဆို ဆန့်မှာလို့ ပြောင်ချောချော ကျွန်တော်တွေးလိုက်တာ ၊ အဲ့အတိုင်း ဖြစ်နေရောပဲ ။ Wide angle selfie တွေ ရိုက်နိုင်ဖို့ camera ၂ လုံး ထည့်ပေးထားတာပါတဲ့ ခင်ဗျာ။

သူက နောက်ဖုံးဖြုတ်လို့ ရတယ် ဆိုတော့ ဘက်ထရီလည်း ဖြုတ်လို့ ရတယ်လေ ၊ MicroSD slot လေးကတော့ အပိုဆုပေါ့ ….

blog-v10-2

US မှာတော့ နိုဝင်ဘာမှာ စရောင်းမယ် ၊
ဈေးကတော့ မသိရသေးဘူးရယ် ၊
လောလောဆယ်တော့ ဒီလောက်ပဲကွယ်…

😛 😀

Source: The Next Web, Digital Trends

[youtube video_id=”ELD_6aeHGKQ” width=”640″ height=”360″ ]

Leave a Reply

Your email address will not be published. Required fields are marked *