iPhone 6s ရဲ့ shock လေးတွေပေါ့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို ..

ဒီလိုလေ ၊ ပြီးခဲ့တဲ့ အပတ်က စလို့ ဟိုနိုင်ငံ ၊ ဒီနိုင်ငံ … iPhone 6s လေးတွေ ကိုင်လာကြပြီးတဲ့ နောက် အခု iPhone6s / 6s Plus ရဲ့ ခလုတ်လေးတွေ ၊ အချွန်လေးတွေ Apple ရဲ့ support community page မှာ တက်လာပြီ ခင်ဗျ။ Touch ID button က တအား ပူတာတို့ ၊ ဆိုင်းမဆင့် ဗုံမဆင့် ပါဝါ ပိတ်သွားတာတို့ ၊ အသံထွက် မမှန်တာတို့ ၊ 3D touch ကလိကလိ ဖြစ်တာတိုု့ … စသဖြင့် မဖြစ်စလောက် ပြသနာလေးတွေပါ .. 😛 😀

Touch ID ကတော့ တချို့သူတွေမှာ ဘာရယ်မသိပဲ ဇွတ်ပူနေတာ ရှိတဲ့ ဖုန်းတွေ ရှိတယ်ခင်ဗျ။ ဒါကိုတော့ Sleep/Wake နဲ့ Home button လေး ၁၀ စက္ကန့် နှိပ်ပြီး phone ကို reset လုပ်လိုက်ရင် ကောင်းသွားပါတယ်တဲ့ …

Power ကလည်း တချို့မှာ ဘက်ထရီရှိလျက်နဲ့ ပိတ်ပိတ်သွားတာတွေ ကြုံတယ် ပြောကြပါတယ်ဗျ။ ဒါကို Sleep/Wake button နဲ့ ပြန်ဖွင့်လို့ ရပြီး ၊ ဘက်ထရီမရှိတော့ ရင်တော့ ဖွင့်လို့ မရပါဘူးတဲ့ ခင်ဗျာ … (အဆန်း)

Speaker တွေမှာတော့ ပြဲလန်နေတဲ့ အသံတွေ ကြံုရတဲ့သူ တော်တော်များတယ်လို့ ဖတ်ရပါတယ်။ ဘာရယ်မသိ ၊ အပေါစား speaker လေးတွေက ထွက်တဲ့ အသံလို ထွက်လာတာတွေရှိတယ် ၊ တချို့မှာလည်း app တွေနဲ့ မကိုက်ပဲ ထွက်တဲ့ အသံတွေ ရှိသလို ၊ phone call နဲ့ ringtone တွေက wrong speaker, wrong volumes နဲ့ ထုတ်ပေးနေတာတွေလည်း ရှိတယ် ပြောတယ် ခင်ဗျ။ ဒီ ပြသနာ ရဲ့ နောက်ကွယ်မှာ Apple က iPhone 6s မှာ အရင်ဖုန်းတွေထက် ပိုပြီး အပေါစားနိုင်တဲ့ speaker တွေ ထည့်ထားတယ် ဆိုတဲ့ အတည်မပြုတဲ့ သတင်းတွေလည်း ပြန့်နေပြန်ပါရော….

3D Touch မှာလည်း တခါတလေ ကြောင်တာလေးတွေ ရှိတယ်ပြော ပါတယ် ၊ ဥပမာ – Safari ထဲမှာ regular (non-deep) tap နဲ့ ပုံမှန်အတိုင်း သုံးပေမယ့် ၊ web link မပွင့်တာမျိုးပေါ့…

ဒါတွေက ဖုန်းတိုင်းတော့ ဖြစ်ဟန်မတူပေမယ့် iOS ကြောင့်လား ၊ hardware error လား အဖြေထွက်ဖိုု့ လောလောဆယ် ခက်ခဲနေတုန်းပဲ ခင်ဗျ။ စက်ရုပ်ဖက်လှည့်ညှော် ၊ ပန်းသီးဖက်လှည့်တိုက် တယ်လို့တော့ မထင်စေချင်ပေါင် ၊ ဖတ်မိတာလေး ပြန်ရေး မိရုံသက်သက်ပါ … 😀 🙂

Source: 9 to 5 Mac

Leave a Reply

Your email address will not be published. Required fields are marked *