မှန်ပေါ်မှာ လက်ဗွေဖတ်ပေးမှာ

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

တလောကတောင် ကျွန်တော်တို့ ပြောကြသေးတယ် ၊ ဟုတ် ၊ iPhone အသစ်မှာသာ home button က သတ္တုဖြစ်ရင် fingerprint reader ကို မှန်မှာ ထည့်မှ ရမှာ ဆိုတာ ..

ဂု .. အမှန်ကြီးကို မှန်ထဲ ရောက်လာပါပြီဗျာ။ LG က အသစ်ပြလိုက်တဲ့ ဒီမှန်က အတွင်းဖက်မှာ ၀.၃ မီလီမီတာ မဆိုသလောက်လေး ပါးထားပြီး finger print reader ကို မြုပ်ထားလိုက်တာဗျ။

blog-lg-next-generation-fingerprint-scanner

ဒီလို လုပ်လိုက်လို့ ဘာဖြစ်သလဲ ဆိုရင် fingerprint sensor ကိုလက်နဲ့ တိုက်ရိုက် မထိတော့သလို fingerprint sensor ကို အပြင်မှာ ထုတ်ထားစရာလည်း မလိုတော့လို့ ဖုန်းကို ရေစိုခံအောင်လုပ်တဲ့ နေရာမှာ ပိုပြီး အဆင်ပြေပြေ လွယ်လွယ် ကူကူ လုပ်လို့ ရလာမှာ ဖြစ်သလို ၊ home button ကို ခလုတ်နဲ့ မထားချင်ပေမယ့် fingerprint reader ကြောင့် ထားနေရတဲ့ ဖုန်းတွေလည်း ဒီဇိုင်းအသစ်တွေ ဖန်တီးလာနိုင်မယ်ဗျ။ ပိုပါး ၊ ပိုခေတ်မှီတဲ့ ဖုန်းတွေ ဖြစ်လာဦးမယ်ပေါ့လေ…

LG က မှန်သီးသန့် ထုတ်ပြီး ရောင်းမှာ မို့ ၊ ဒီ မှန်က LG ဖုန်း တစ်မျိုးထဲမှာပဲ တွေ့ရမယ်လို့ ယူဆလို့မရပဲ ၊ အခြား brand နဲ့ ဖုန်းတွေ မှာလည်း မှန်မှာ လက်တင်လိုက်ရုံနဲ့ ဖုန်း unlock လုပ်ပေးမယ့် smartphone တွေလည်း တွေ့လာရတော့မှာပါဗျာ။

ဒါနဲ့ ပြောရဦးမယ်ဗျ … ကျွန်တော်က မှန်ကို လက်နဲ့ ထိထိပြီး တစ်ခုခု ဖွင့်တာဆို သိပ်သဘောကျတာ… Mission Impossible – Rogue Nation မှာပါတဲ့ ၊ ကားပြတင်းပေါက်မှန်ကို လက်နဲ့ ကပ်လိုက်တာနဲ့ fingerprint ဖတ်ပေးပြီး ကားတံခါး ဖွင့်ပေးတာမျိး ပိုင်ချင်တာ… အနည်းဆုံးတော့ အရုပ်ကားလေး ဖြစ်ဖြစ်ပေါ့ … ဟိ .. 😛 😀

Source: Android Central

Leave a Reply

Your email address will not be published. Required fields are marked *