Android မှာလည်း 3D Touch ရတော့မယ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီလိုလေ … iPhone 6s တို့ 6s Plus တို့မှာ ဆိုရင် screen ပေါ်က icon လေးကို လက်လေးနဲ့ ကြာကြာလေးတို့ထားရင် shortcut menu လေး ပေါ်လာတဲ့ Force Touch လို့ ပြောပြော ၊ 3D Touch လို့ပဲ ဆိုဆို … အဲ့ဒီ Touch လေး ရှိတယ် ဟုတ် ? (ကိုယ်တွေကတော့ ပန်းသီး မသုံးဖူးလို့ စာထဲပဲ ဖတ်ဖူးတယ် 😀 😛 )

blog-3D-Touch-on-Android-1

အခု … အဲ့ဒီ 3D Touch ဆိုတဲ့ Touch feature လေးကို Google ကသူတို့ရဲ့ Android OS မှာ ထည့်ပေးတော့မှာ … ဟုတ်တယ် ။ ဂယ်ပြောတာ။

လက်ရှိ ကျွန်တော်တို့ သုံးနေတဲ့ Android version နောက်ဆုံးက Android M, Android 6.0 Marshmallow ၊ နောက်အသစ်ထွက်မယ့် Andorid N ကျရင် ဒီ function က ပါလာတော့မှာပါ။ လက်ရှိမှာ developer တွေ အတွက် ထုုတ်ပေးတဲ့ developer preview မှာ ပါလာပြီး ၊ စမ်းပြထားတဲ့ ပုံစံကတော့ ဒီလိုလေးပါ။

blog-3D-Touch-on-Android-2

Android က A, B, C, D စသဖြင့် အစဉ်လိုက် နာမည်တွေ ပေးခဲ့ပြီး ပေးထားခဲ့တာကလည်း စားစရာ မုန့်အချိုလေးတွေ နာမည်တွေချည်းပဲဗျ။ ဒါကြောင့် အခု N ကျရင်တော့ ဘယ်မုန့်နာမည်လေးများ ပေးလေမလဲလို့ ကျွန်တော်ကတော့ အစားအသောက် ဝါသနာရှင် ပီပီ စိတ်ဝင်စားမိသား … 😛 😀

Android version ဆိုလို့ ကျွန်တော့် S6 မှာတော့ လွန်ခဲ့တဲ့ ၂ ပတ်လောက်က 6.0 Marshmallow update လေး လာပြလို့ တင်လိုက်တယ် ၊ မဆိုးဘူး။ Battery လေးတော့ ပိုပြီး ခံလာသလိုလို …

တစ်ခုပဲ battery saving mode ကို on ထားလိုက်ရင် သူက “သိပ်အလုပ်မလုပ်ပါနဲ့ နားနား နေနေ နေ” လို့ ပြောချင်လား မသိ ၊ ဘာ push notification မှ မဆွဲတော့ဘူး ၊ email ဆိုလည်း app ထဲ ဝင်မှ email အသစ်ရောက်နေတာ သိရတယ် ၊ messaging app တွေ ဆိုရင်လည်း app ထဲ ဝင်ကြည့်မှ message အသစ်ရောက်နေတာ တွေ့ရတယ်ဗျ။ ဒါနဲ့ပဲ ဂု Battery Saving Mode လေးကို ပြန် off ထားရတယ်။ ဟိ 😛 😀

Android N မှာ အသစ်ပါလာမယ့် Touch အသစ် လေးကိုု စိတ်ဝင်စားတယ်ဆိုရင်တော့ နမူနာလေးကိုတော့ ဒီ YouTube clip လေးမှာ ကြည့်လို့ ရကြောင်းပါဗျာ။

[youtube video_id=”1M2ev31sX8s” width=”0″ height=”0″ ]

Source: Phandroid via Redmond Pie

Leave a Reply

Your email address will not be published. Required fields are marked *