6s က ဒါလေးကြောင့် ရေစိုခံတာ

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

ဒီလိုလေ ၊ iPhone 6s တို့ 6s Plus တို့ စသုံးကြတဲ့သူတွေထဲမှာ ရေထဲစိမ်ပြီး စမ်းကြတဲ့သူတွေ ရှိတယ်မလား ၊ ဟိုနေ့ကတောင် ရေ ၁ နာရီစိမ်ပြီး စမ်းပြတဲ့ YouTube clip လေး ကျွန်တော် share သေးတယ် ၊ မကြည့်ရသေးရင် ဒီမှာ …

[youtube video_id=”t_HbztTpL08″ width=”640″ height=”360″ ]

အဲ့ဒါနဲ့ ရေစိုခံတယ်ဆိုတာ အသင့်အတင့် သေချာ သလောက်ရှိပေမယ့် Apple ကတော့ ဒီကိစ္စကို ရေငုံနှုတ်ပိတ်ပဲ ၊ ဒါနဲ့ပဲ ဟိုတစ်ရက်လည်း iPhone 6s ကို အစိပ်စိပ်နွာပြီး ဘက်ထရီ သေးတယ်လို့ ဖွင့်ပြတဲ့ iFixit က ပဲ iPhone ကို နောက်တစ်ကြိမ် ပြန်စစ်တယ်ဗျ။ အဲဒီမှာ သူတို့ ကဘာတွေ့လည်း ဆို ၊ ပုံထဲကအတိုင်း ၊ ဖုန်း ပတ်ပတ်လည်မှာ gasket လို အလုပ်လုပ်ပေးတဲ့ ကော်ပြားပိစိလေးက အရင် iPhone တွေထက် ၀.၃ မီလီ ပိုထူလာတာ။ အဲဒီ gasket ကို အိမ်က ဘေစင်မှာ ရေစိမ့်မှာ ဆိုးလို့ ထိုးထည့်ထားတဲ့ silicon လိုတော့ သွားမထင်လိုက်နဲ့ ဆရာရေ့ ၊ iFixit က ပြောတာတော့ Apple က အဲ့ဒီ gasket လေးပါးပါးလေး အတွက်ကို phone body မှာပါ လိုင်းလေး သေချာ ထွင်းပြီးကို နေရာပေးထားတာဆိုပဲ ….

blog-gasket-1

အဲဒီ gasket လေးက ဖုန်းအတွင်းပိုင်း component တွေကို ငြိမ်အောင် ထိန်းထားတာ မဟုတ်ရင်တော့ ရေစိုခံအောင် တမင်ရည်ရွယ်ပြီး ထည့်ထားတာ သေချာသလောက် ရှိပါတယ်။ နောက် iPhone 6s / 6s Plus ရဲ့ main logic board ကလည်း အရင်ဖုန်းတွေနဲ့ စာရင် ပြောင်းလဲမှုတွေ ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။ ဘယ်လိုလဲဆို ၊ battery, display, Lightning port နဲ့ button လေးတွေမှာ silicon လေးတွေနဲ့ ပတ်ထား ၊ ပိတ်ထားတာလေးတွေ ရှိတယ်။ ဒါတွေက လုံးဝ ရေစို ခံတယ်လို့ ပြောလို့ ရပေမယ့် အထိုက်အလျောက် မိုးဆို ၊ ရေထိ ၊ လည်လည်သွား… အိုင်ထဲပြုတ်ကျ စသဖြင့်ကတော့ အရင်ဖုန်းတွေထက် ပိုပြီး အိုကေလာဖို့ ရှိပါတယ်။

ဒါနဲ့ နေဦးနော် ဆရာ …. သေချာပြီလို့ တရေသေတော့ မမှတ်နဲ့ဦး ၊ headphone jack တို့ speaker တို့ စသဖြင့်မှာတော့ ဘာညာ seal တွေ မပါဘူးရယ်။ ဒါကြောင့် ရေထဲကျပြီး သွားရင်တော့ ဖုန်းတော့ ကောင်းချင်ကောင်းမယ် ၊ အသံအပိုင်းတွေမှာတော့ ပြသနာ ရှိသွား နိုင်တယ်ဗျ။

ဒါကြောင့် ဟိုတခါ Note 5 တုန်းကလို သွားသွား မစမ်းကြပါနဲ့ဦးလို့ …

🙂 😀

Source: iFixit

Leave a Reply

Your email address will not be published. Required fields are marked *