iPhone 6s က ရေစိုခံတယ်တဲ့

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

ပြောရဦးမယ်ဗျ။ စမ်းတဲ့သူတွေကလည်း အမျိုးမျိုး အဖုံဖုံကို စမ်းကြတာ။ အသစ်ထွက်တဲ့ iPhone 6s က ရေစိုခံတယ်တဲ့ ။ သူတို့ကတော့ 6s နဲ့ 6s ၂ မျိုးလုံးကို ရေထဲ ၁ နာရီ စိမ်ထားပြီး စမ်းတာ ဘာမှ မဖြစ်ဘူး ဆိုပဲ …

ဒါပေမယ့်လေ ၊ ဟိုတစ်ခါက Note 5 SPen တုန်းကလို တကယ်ကြီးတွေတော့ လျှောက်မစမ်းကြပါနဲ့ ခင်ဗျ။ နော … အဲ့ တုန်းကလည်း မစမ်းပါနဲ့ ဆို ၊ ဇွတ် စမ်းကြလို့ ဇွတ်တွေ ပျက်ကြတယ်မလား ၊ ခုတော့ ဒီတိုင်းလေးပဲ YouTube မှာ ကြည့်ပါဗျ။

[youtube video_id=”t_HbztTpL08″ width=”640″ height=”360″ ]

Apple ကိုယ်တိုင်လည်း ဒီလို ရေစိုခံသည့်တိုင် ၊ ရေစိုခံပါတယ်လို့ ထည့်မကြေငြာတာ အကြောင်းတော့ ရှိမှာပါ။ ပြီးတော့ ဒီ information က official info မဟုတ်ဘူးလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ အမှန် ၁ နာရီ ရေစိမ်ခံတယ်ဆိုရင်တော့ ၊ အနည်းအကျဉ်းရေစိုတယ် ၊ ရေထဲကျ ၊ ချက်ချင်းဆယ် ၊ စသဖြင့် အခြေအနေတွေလောက်တော့ စိတ်ချရမှာမို့ အသုံးကြမ်းသူတွေအတွက်တော့ သတင်းကောင်းပေါ့ဗျာ။

လက်ထဲရောက်လာရင်တော့ မစမ်းပါနဲ့ဗျာ။ ပျက်သွားရင် နမြောစရာ ….

😛 😀

Source: ZDNet

Leave a Reply

Your email address will not be published. Required fields are marked *