Selfie သတိ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ငါးမန်းကိုက်လို့ သေတဲ့သူက ၈ ယောက် ၊ selfie ရိုက်လို့ သေတဲ့သူက ၁၂ ယောက်။ ဟုတ်တယ် ၊ တကယ်ပါဆို …

ဒီ statistic ကတော့ အမေရိကန် ၁ နိုင်ငံတည်းကိုပဲ အခြေပြုထားတယ်လို့ ယူဆရတယ် ခင်ဗျ။ ဒါတောင် သူက ပြောသေး ၊ ဒါ သေသွားတဲ့ သူပဲ ရှိသေးတယ် ၊ ဒဏ်ရာ အနာတရ ကြီးကြီးငယ်ငယ် ရတဲ့လူ စာရင်း မပါသေးဘူး ဆိုပဲ။

အခု ဒီကိစ္စကို ပယ်ပယ်နယ်နယ် ကိုင်တွယ်ဖို့ သူတိုု့ အစိုးရက အထူးသဖြင့် လူငယ်တွေ အနေနဲ့ ခေါင်မိုးပေါ်မှာ ၊ ရထားတွေ နားမှာ ၊ အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်တွေ အနားမှာ selfie မရိုုက်ကြဖို့ campaign တောင်လုပ်နေပါပြီ။

blog-selfie-2

Selfie ဆိုလို့ လူငယ်တွေပဲ မထင်နဲ့နော် ၊ တလောကပဲ ၆၆ နှစ် အရွယ် ဂျပန်လူမျိုး ၊ Taj Mahal Royal Gate ကို အလည်သွားရင် လှေကားပေါ်က ပြုတ်ကျတာ။ Selfie ရိုက်ရင်းပေါ့ ၊ ခေါင်းကို ထိခိုုက်မိပြီး သေသွားပါလေရော။ သူ့အဖော်ကလည်း ခြေထောက်မှာ အတော်နာသွား ရှာလေရဲ့ ၊

ဒါကြောင့် ဖုန်းအရှေ့ ကင်မရာလေးသုံးရင် တာဝန်သိစိတ်လေးနဲ့ သုံးပါ ဆိုတာ ၊ ဟို အရက်ပုလင်းတွေမှာ Please Drink Responsibly လို့ ထည့်ရေးသလို ဖြစ်နေပြီ..

ပြောမယ့်သာ ပြောတာပါ ၊ ကိုယ်တွေလည်း လူုအုုပ်နဲ့ groupfie လေး ရိုက်ရင် မဆန့်လို ၊ ဟိုတိုး ဒီတိုးနဲ့ ၊ နောက်ဆို ဘေးလေး ၊ အနောက်လေး သေချာ ကြည့်ဦးမှ…

😛 😀

Source: Android Authority, CN Traveler
Photo: Shutterstock

Leave a Reply

Your email address will not be published. Required fields are marked *