7 နှစ်လုံး မှာ ဒါလေး ကွာမယ်

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

ပြောပြရဦးမယ်ဗျ ။ အသစ်ထွက်မယ့် iPhone 7 နဲ့ 7 Plus က screen size ပဲကွာတော့တာ မဟုတ်ပဲ ၊ 7 Plus မှာ RAM က 3GB, camera က ၂ လုံးပြူး dual camera ဖြစ်ပြီး ၊ 7 ကျတော့ RAM က 2GB, camera က ရိုးရိုး ၁ လုံးပဲ ဖြစ်မယ်လို့ ပြောလာကြပြန်ပါပြီ။ ဒီသတင်းကတော့ ကောလဟာလပေမယ့် အတွင်းသတင်း ဖြစ်တယ်ဆိုလား ဘာဆိုလား ၊ အာ့ကြောင့် ပိုပြီး သေချာဖို့ ရှိတယ်လို့ လည်း သတင်းလွင့်ထားပါသေးတယ်။

blog-iPhone-7-dual-camera-1

လူတွေကလည်း အမျိုးမျိုး ၊ တလောကကျတော့ iPhone 7 ရယ် ၊ iPhone 7 Plus ရယ် ၊ iPhone 7 Pro ရယ် ဆိုပြီး ၃ မျိုးထုတ်မယ် ၊ Pro ကျမှ ဂုလို ထူးခြားချက်တွေ ပါမယ်လေး ၊ ဘာလေး ပြောပြီး ၊ ခုုကျ ၂ မျိုးပဲ ပြောကြပြန်ရော။ ကောင်းပါတယ် ၊ ၃ မျိုးဆိုလည်း ဘာရွေးရမှန်းမသိနဲ့ ရှုပ်ဦးမယ် ၊ ခုတောင် ၊ Plus တွေ S တွေနဲ့ တော်တော် ရှုပ်နေပြီးကို… 😛 😀

နောက် ရှေ့ကြို သတင်းကတော့ 2017 မှာ ထုတ်မယ့် iPhone 8 လား ၊ ဘာလား .. အဲ့ကျရင် scren က edge to edge တဲ့။ ဘာလည်း edge to edge လို့ ကြည့်ကည့်တော့ ဘောင်ပျောက်ကိုမှာ ဘေးဖက်တင် မဟုတ်ပဲ ၊ အပေါ်အောက်ပါ ဘောင်ပျောက်သွားမယ် ၊ ကင်မရာတို့ ၊ finger print တို့ ၊ home button တို့ အားလုံးက မှန်ပေါ် ရောက်သွားမှာ ဆိုပဲ ။ အဲ့ သတင်းကို မှန်းပြီး ပုံဖော် ရမ်းတုုတ်တော့ ဒီလို ပုံထွက်တယ်လို့ ဆြာကြီးတွေက စိတ်ကူးကြလေရဲ့ ..

blog-iPhone-7-dual-camera-2

မဖြစ်နိုင်ဘူးလို့တော့ မဆိုသာဘူးဗျ။ တလောကပဲ LG က fingerprint ပါတဲ့ မှန်ကို ချပြသွားတယ်။ ပြီးတော့ Apple ကလည်း အမြင်မှာတော့ ရန်သူတော်လို့ သတ်မှတ်ထားတဲ့ Samsung နဲ့ OLED Screen တွေ အတွက် သဘောတူထားပြီးသား ဆိုတော့ ကား …

blog-iPhone-7-dual-camera-3

ပုံတွေကတော့ ကြည့်လိုု့ ကောင်းသား ၊ တကယ်ထွက်လာမှပဲ ဂယ် လား မဂယ်လား ထပ်ကြည့်ရမှာ … 😛 😀

Source: Redmond Pie, Talk Show via Mac Rumours
Images: Redmond Pie, iPhone-Tricks

Leave a Reply

Your email address will not be published. Required fields are marked *