ခေါက်လို့ ရမယ့် Galaxy X

~~~ ယူနီကုဒ်နဲ့ဖတ်မယ်ဆို

ရှေ့နှစ်ကျရင် Samsung က S8, S8 Edge, Note 7, Note 7 Edge ရယ် ၊ Galaxy X ရယ် ထုတ်မှာ ဆိုပဲဗျ။ အရှေ့က ဖုန်းတွေကတော့ မှန်းလို့ ရပြီးးး မို့ အဆန်းတော့ မဟုတ်ပေမယ့် Galaxy X ဆိုလို့ ဘယ်လိုလဲ ဆို သူက ခေါက်လို့ ရမှာတဲ့ဗျ။

ခေါက်လို့ရမှာဆိုလို့ ခေါက်ဖုန်းကြီးလို့လည်း ပြေးမြင်မှာ စိုးရသေး .. ဟင်းဟင်းး ခေါက်လို့ရပေမယ့် ခေါက်ဖုန်းတော့ မဟုတ်ဘူးရယ် ၊ အမျိုးသားကိုင် ပိုက်ဆံအိတ်လို့ ဟိုဖက် ၊ ဒီဖက် ခေါက်လို့ရပြီး ဖွင့်လိုက်ရင် screen အကြီးစားဖြစ်သွား ၊ ပိတ်ထားရင် ဖုန်းလို အသေးလေး ဖြစ်ထား … အဲ့လို့ သဘောမျိုးပါ။

blog-samsung-foldable-tablet-2

ဒီသတင်းကတော့ ဟိုလိုလို ၊ ဒီလိုလို သတင်းတွေ ထွက်တာ ကြာပေမယ့် ၊ အခု ထွက်လာတဲ့ ကောလဟာလကတော့ လုံးဝသေချာ သလောက်ရှိပြီ ၂၀၁၇ ဆို တကယ်ထွက်ပြီတဲ့

blog-samsung-foldable-tablet-1

ဒါနဲ့ တကယ်သာ ထုတ်ကြေးဆိုရင်တော့ ခိုင်အောင်ထုတ်ရမယ့် ပြသနာ ရှိတယ်လို့လည်း ဆြာတွေကလည်း မှန်းတယ်လေ။ တော်ကြာ ကိုယ့်လက်ထဲ ရောက်မှ အလယ်က ပြုတသွားရင် လည်း ဒုက္ခ မလား … 😛 😀

Source: SamMobile via SplashGear, DigitalTrends, Android Community

Leave a Reply

Your email address will not be published. Required fields are marked *