iPhone 7 နဲ့ ပတ်သက်လို့တော့ …

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီလိုုလေ ၊ စက်တင်ဘာလ ဆိုရင် Apple က iPhone အသစ် ချပြတယ် ၊ sequence အရ ၊ 5 ပြီးတော့ နောက်နှစ် 5s လာတယ် ၊ 6 ပြီးတော့ နောက်နှစ် 6s ဖြစ်တယ် ဆိုတော့ ၊ ခုထွက်မှာက 7 ပေါ့ .. အဲ့လို ဗေဒင်တွက် တွက်တာ .. (ကြားထဲ အသေးလေး SE ကတော့ ကြားပေါက်မို့ exception 😛 😀 )

blog-iphone7-render-3

စက်တင်ဘာကလည်း ၅ လ ၊ ၆ လ ပဲ ကျန်တာဆိုတော့ iPhone အသစ်နဲ့ ပတ်သက်လို့လည်း ဟိုလိုလို ဒီလိုလိုတွေ သတင်းထွက်ပြန်ရောဗျ။ ကြားရသိရသလောက် iPhone 7 သတင်း်တွေ စုပေးရရင် … 7 နဲ့ 7 Plus မှာ ကင်မရာနဲ့ ပတ်သက်လို့ ပိုကောင်းလာတဲ့ sensor တွေ ပါလာမယ်ဆိုပဲ (ဒါကတော့ သူပြောမှလား) ၊ သို့ပေမယ့် ထူးထူးခြားခြားက 7 Plus မှာ camera ၂ လုံးနဲ့ dual camera စနစ် ဖြစ်ဖို့ များပါတယ်။ ခု Huawei က လည်း ၂ လုံး လုပ်ပြသွားပြီဆိုတော့ ၂ လုံးကတော့ သေချာ သလောက် ရှိပါတယ်လေ..

blog-iphone7-render-2

ပြီးတော့ 7 နဲ့ 7 Plus မှာ အနောက်ဖက်မှာ ရှိတဲ့ ကန့်လန့်ဖြတ် တန်းလေး ၂ ခုကို ဖုန်းကို ပတ်ထားတဲ့ စတိုင် ပြောင်းမယ်ဆိုတဲ့ သတင်းလည်း ရှိပါတယ် ၊ အဲ့ အတန်း ၂ ခုု က အင်တင်နာတန်းမို့လို့ ဖျောက်လို့တော့ မဖြစ်ဘူးရယ် ။

ပြီးတော့ 7 နဲ့ 7 Plus ကွာမှာက 7 Plus ရဲ့ နောက်ဖက် ၊ အောက်ဖက် ၊ သို့မဟုတ် တစ်နေရာရာမှာ iPad Pro မှာ ပါတဲ့ Smart Connector ပါလာဖို့ ရှိတယ်ဗျ။ iPad Pro လို keyboard ချိတ်လို့ ရတာလည်း ဖြစ်ချင် ဖြစ်မယ် ၊ ဒါမှ မဟုတ် တခြား ကုမ္ဗဏီတွေနဲ့ လက်တွဲပြီး accessory တွေ ထုတ်ဖို့ လည်း ဖြစ်ချင် ဖြစ်လာ နိုင်တယ်ပေ့ါလေ။

blog-iphone7-render-1

နောက်ပြီး headphone port ၊ အဲ့ဒါလည်း shock နည်းနည်းရှိတယ် ၊ ခွဲရေးတွဲရေး ၊ headphone jack ထည့်ရေး မထည့်ရေးမှာ လွန်ဆွဲပွဲ ရှိနေတယ်ခင်ဗျ။ Apple က headphone jack ကို ဖြုတ်ပြီး charging သွင်းတဲ့ ခေါင်းနဲ့ပဲ headphone သုံးရမလား ၊ ဘာလား သတင်းတွေ လည်း တညံညံ ရှိနေတာပါ။ လုပ်မယ်ဆိုရင်တော့ Apple အတွက် မလုပ်နိုင်စရာ မရှိပေမယ့် ၊ standard ဖြစ်နေတဲ့ headphone ခေါင်းကို ဖြုတ်ပြီး Apple သီးသန့် headphone တွေ ပြောင်းသုံး ရမယ့် user တွေ အတွက် နည်းနည်း တော့ အခက်ခဲ ရှိမယ် မှန်းရတာပဲလေ ၊ နော …

အကယ်၍ headphone jack ဖြုတ်လိုက်ရင် ပိုထွက်လာမယ့် နေရာမှာ speaker တစ်လုံးထပ်ထည့် ၊ stereo သံ ဖြစ်အောင် ပြောင်းမယ်ဆိုတဲ့ သတင်းလည်း ရှိဖူးပေမယ့် ၊ အခုကျပြန်တော့ အာ့ မဟုတ်လောက်ဘူးလို့ ပြောပြန်ရော …

blog-iphone6s-headphone-jacks-1

ပြီးတော့ တလောက Apple က ထုတ်တဲ့ iPad Pro အသစ်မှာ True Tone ဆိုတာ ပါတယ်လေ။ ဘေးပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ color tone ကိုလိုက်ပြီး screen ရဲ့ color tone ကို လိုက်လျောညီထွေ လုပ်ပေးတာ။ iPhone 7 ကျရင်လည်း Apple က အဲ့ဒီ လုပ်ဆောင်ချက်တွေ ထည့်ပေးလာဖို့ရှိနေတာပါဗျ။

အကယ်၍သာ ဒီ အချက်တွေ အားလုံး မှန်မယ်ဆိုရင် ကျွန်တော်ထင်တယ် iPad Mini ရဲ့ အခန်းကဏ္ဍက မှေးမှိန်လာဖို့ ရှိတယ်ဗျ။ ဘာလို့ဆို အခုတောင် iPhone 6 Plus က iPad mini-mini ဖြစ်နေပြီပဲကို …

သတင်းတွေ ပုံတွေကတော့ ကြားတာတွေ ထင်တာတွေကို ရုပ်လုုံးဖန်တီးထားတာမို့ ၊ မှန်မယ်လို့တော့ မဆိုလို့ ၊ သေချာတယ်လို့ မပြောသာသော်ငြား ၊ လုံးဝဥသုုန် သေချာနေသည်ကတော့ .. မနက်ဖြန် ၊ သဖက်ခါ ရုံးတွေ ပြန်ဖွင့်တော့မယ်ဆိုတာ … 🙁 🙁

Source: Mac Otakara via RedmondPie

Leave a Reply

Your email address will not be published. Required fields are marked *