Position ကျနေတဲ့ iPhone 6s camera

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

ပြောရဦးမယ်ဗျ။ ဖုန်းကင်မရာတွေ ရဲ့ ကောင်းကွက် ဆိုးကွက်တွေ ကြည့်ပြီး အဆင့်တွေ သတ်မှတ်ပေးတဲ့ DxOMark က iPhone 6s ရဲ့ ကင်မရာကို ဘယ်လို သတ်မှတ်တယ် ထင်လဲဗျ။

ဟိုးးးးးးး နောက်က အဆင့် ၁၀ မှာ။ အဲ့ဒီ အဆင့်အတိုင်းဆိုရင် မနှစ်က ထွက်ထားတဲ့ iPhone 6 နဲ့ 6 Plus ကတောင် အဆင့်သာသေး ၊ (ဒါနဲ့ iPhone 6 နဲ့ 6 Plus ထွက်တုန်းက DxOMark မှာ အဆင့် ၁ ချိတ်ခဲ့တာ) ထိပ်ဆုံးမှာတော့ ကင်မရာမှာ နာမည် ကြီးတဲ့ Z5 ၊ သူ့နောက်မှာ S6 Edge ၊ တတိယ နေရာကတော့ တလောကမှ ထွက်လာတဲ့ Google Nexus 6P ပါ။

blog-dxomark-rankings

ဆင့်ကာ ၊ ဆင့်ကာ ကြည့်လိုက်တော့ ၁ – ရ မှာ Android ဖုန်းတွေ ချည်းပဲရယ် ၊ ၈ က iPhone 6 Plus ၊ ၉ က iPhone 6 ၊ ၁၀ ကမှ iPhone 6s ဖြစ်တာ။ မဆိုးပါဘူး 1 to 10 ဝင်တာလို့ ပြောရင် Myanmar Lifestyle ကို ဝိုင်းကြိတ်ကြဦးမယ် ၊ ပျော်စေ ပျက်စေ ၊ စတာပါ ၊ ပြောပါရစေဦးဗျ။ MMLS က စက်ရုပ်ကိုရော ၊ ပန်းသီးကိုရော ချစ်တာပါဗျာ။ နော … 😀 😀

DxOMark က iPhone 6s ရဲ့ ကင်မရာက ယေဘုယျမှာ ဘာမှ ပြောစရာ မရှိအောင် ကောင်းတယ် ၊ exposure မှန်တယ် ၊ white balance မှန်တယ် ၊ detail တွေ အားလုံးကောင်းတယ် ၊ autofocus လည်းမှန်တယ် ၊ မြန်တယ် ၊ stabiliztion ကလည်း ကောင်းပြန်ရောတဲ့ … သို့ပေမယ့် အလင်းအားနည်းတဲ့ low light ကျလာတော့ noise တွေက မြင်သာထင်သာအောင်တွေ တက်လာတာရယ် ၊ indoor ရိုက်ရင် yellowing ဖြစ်လာတာရယ် ၊ ghosting ဖြစ်လာတာရယ်ကြောင့် အခုလို ၁၀ ချိတ်သွားရတာပါလို့ ရှင်းပြထားပါတယ်။ (ghosting ကိုတော့ မြန်မာလို မရေးပြတတ်ဘူးရယ် 😛 😀 )

ဒါတောင် အခု ကျွန်တော် ကိုးကားထားတဲ့ 9to5Google ရဲ့ သတင်းရေးသူက ပြောသေး ၊ ဒီ စာရင်းထဲမှာ Note 5 တုုိ့ ဘာတို့ မပါသေးလို့တဲ့ ၊ ပါရင် ၁၀ တောင် ချိတ်ပ့ါမလား ဆိုပဲ …

မသိဘူးနော် ၊ Myanmar Lifestyle က သူတို့ ပြောတဲ့ သတင်းကို ထပ်ဆင့် မီးမွှေးပေးရုံ သက်သက် ….

😀 🙂

Source: 9to5 Google

Leave a Reply

Your email address will not be published. Required fields are marked *