iPhone 6s က chip ၂ မျိုး ၊ ဘက်ထရီ သက်တမ်း၂ မျိုး တဲ့

blog-i6-battery

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြောသာပြောရတယ် ၊ ခပ်ကြောက်ကြောက်ဗျ။ Myanmar Lifestyle က စက်ရုပ်နဲ့ ပန်းသီး ကို ဒဲ့ တည်ပေးမိသလို ဖြစ်ဦးမယ်။ ကျွန်တော်တို့က စက်ရုုပ်ရော ပန်းသီးရော အကုန်ချစ်တာပါနော် ၊ အဲ့ဒါလည်း အရင်ပြောပါရစေဦး။

ဒီလိုဗျ ၊ ဟိုတစ်နေ့ ပြသနာရှာတဲ့ Guardian ပဲ။ အခု လှော်ပြန်ပြီ။ iPhone 6s / 6s Plus က အပြင်ပန်းက ကြည့်ရင် အားလုံးတူညီပေမယ့် အတွင်းမှာ ၊ အတွင်းမှာမှ အဓိက ဆိုတဲ့ ဦးနှောက် – A9 processor မှာ (processor ရဲ့ ) ဒီဇိုင်းကို Apple ကဆွဲပြီး ၊ တကယ်ထုတ်တဲ့ နေရာမှာ Apple ရဲ့ မဟာအချစ်တော်ကြီး Samsung နဲ့ တိုင်ဝမ်ကုမ္မဏီ TSMC ကို ခွဲတမ်းချ ထုတ်လုပ်ခိုင်းတာပါတဲ့။

အဲ့ဒီမှာ စတွေ့တော့တာပါပဲ ၊ (processor ရဲ့ အတွင်းဖက်က နေပါလိမ့်မယ်ဗျ ၊ ကျွန်တော်တော့ သေချာ မသိပါဘူး) ၊ transistor ရဲ့ အကျယ်က TSMC က ထုတ်တာက 16nm ရှိပြီး Samsung က ထုတ်တာက 14nm ပဲ ရှိပါတယ်တဲ့.. ဒီလို ကွာခြားမှုကြောင့် chip က 8.5mm2 ကွာသွားသလို ၊ ဘက်ထရီ သက်တမ်းမှာလည်း ကွာခြားမှုတွေ ရှိလာတယ်တဲ့ ခင်ဗျ။ ဖြစ်ချင်တော့ Samsung ပေါ့ ၊ TSMC ရဲ့ chip သုံးထားတဲ့ဖုန်းက ၈ နာရီ အသုံးခံတဲ့ နေရာမှာ Samsung ထုတ်တဲ့ chip ပါတဲ့ ဖုန်းက ၂ နာရီလောက် သက်တမ်း နည်းနေတာ တွေ့ရတယ်လို့ Mac Rumour, Reddit စတဲ့ site တွေမှာ ကွန်ပလိန်းတွေ ရှိလာတာပါ။

သာမန်အားဖြင့် ဖုန်းထဲမှာ သုံးထားတဲ့ chip ဟာ Samsung ရဲ့ chip လား TSMC ရဲ့ chip လားဆိုတာ သိနိုင်ဖို့ ခက်ပေမယ့် ၊ Guardian သတင်းစာ website ရဲ့ ဆောင်းပါးရှင်ကတော့ Lirum Device Info ဆိုုတဲ့ app နဲ့ စစ်လို့ ရပါတယ်တဲ့။ အဲ့လို့ စစ်တဲ့ နေရာမှာ Samsung ရဲ့ chip တွေက N66AP ဒါမှမဟုတ် N71AP လို့ ပြပြီး ၊ TSMC ကတော့ N66MAP ဒါမှမဟုတ် N71MAP လို့ ပြပါတယ်တဲ့ ခင်ဗျ။

ကိုယ့်လက်ထဲမှာ iPhone 6s အသစ်ကလေး ရှိနေရင်တော့ စိတ်ဆင်းရဲ ပါတယ်ဗျာ။ စစ်မနေပါနဲ့ နော … အားမခံတော့လည်း ပြန်သွင်းပေါ့ .. 😛 😀

Source: Guardian
Photo: Reuters

Update [9 Oct, 2015] Apple က တော့ ဒီ chip ၂ ခု ကွာခြားချက်က ၂ % – ၃ % ပဲ ရှိမယ်လို့ သတင်းထုတ်လိုက်ပါတယ်ဗျာ။ Source: MacRumours.

Leave a Reply

Your email address will not be published. Required fields are marked *