iPhone 6s battery က သိပ်မခံဘူးဆိုလို့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြောပြရဦးမယ်ဗျ။ ပြောသာပြောရတယ် ၊ သူတို့က ဆရာကြီးတွေဆိုတော့ စူးရှမှာလည်း ကြောက်ရသေး ..

မနက်က သတင်းတစ်ပုဒ် တက်လာတယ်။ iPhone 6s က အရမ်းကောင်းတဲ့ ဖုန်းပါတဲ့ ၊ ဘက်ထရီက ပြသနာ ပေးတဲ့ ဖုုန်းလေး ဖြစ်နေတာ တစ်ခုပဲတဲ့။ ရေးတဲ့သူက Guardian သတင်းစာက ဆရာ့ ဆရာ ဆောင်းပါးရှင်ပါ။ ဒါနဲ့ ကျွန်တော်လည်း ဘာတွေ ဘယ်လို မကောင်းသလဲ ဆိုတာ ဝင်ဖတ်ကြည့်တော့ …

iPhone 6s ကို သုံးရင် ရုံးထဲမှာ iPhone charger ဘယ်သူ ပါလဲ လိုက်အော်နေရမယ့် အဖြစ်တဲ့ ၊ မနက် ရး၃၀ မှာ charger ဖြုတ်လာတဲ့ iPhone 6s က ည ၁၁ ထိ မခံဘူးတဲ့။ အော်… တော်ပြီလား ဆရာရယ်။

ဒါနဲ့ သူက ဆက်ပြောသေးတယ် ၊ သူသုံးတာက ၁ ရက်ကို အီးမေး ရာဂဏန်း အပေးအယူ လုပ်တယ် ၊ web browsing က ၂ နာရီခွဲ ဝန်းကျင် ရှိမယ် ၊ သီချင်းကို ၃ နာရီ လောက် နားထောင်တယ် (bluetooth နဲ့ပါတဲ့) ၊ ဒါတင်ပဲလားဆုုိတော့ အိမ်အပြန် ရထားပေါ်မှာ Angry Birds 2 လေး ကစား သေးတယ် ဆိုပဲ ။ ဒီလောက်ပဲ သုံးတာပါတဲ့။

အဲ့ ဆရာက လာနောက် နေသလားမှတ်ရတယ်။ ဒါပေမယ့် သူကတော့ နောက်နေဟန် မတူဘူးဗျ။ သူ့ iPhone ကို တစ်ရက် ဘက်ထရီ ၂ ခါ သွင်းရလို့ သူက ကျိတ်မနိုင် ခဲမရတွေ ဖြစ်ပြီး Gurardian website မှ ကျကျနနကို review ဆောင်းပါးရေးထားတာ။ ဒါပဲနေမယ် လူကြီးသူမတွေ ပြောပြောနေတဲ့ လူ့ အလို နတ်မလိုက်နိုင် ဆိုတာ..

ကျွန်တော်တို့ ဖုန်းတွေများ နေ့လည်လောက်ဆို battery က flat ဖြစ်ပြီ။ ဖုန်းနံမည် မပြောတော့ဘူး သိလား ၊ ကိုကိုစက်ရုပ်နဲ့ မောင်မောင်ပန်းသီးနဲ့ ထပ်ပြီး သတ်နေကြမှာဆိုးလို့ .. ဟဲဟဲ

😀 😛

Ref: Guardian

Leave a Reply

Your email address will not be published. Required fields are marked *