iPhone 5se ဆိုပဲဗျ

~~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကဲ …. ဘယ်လို လုပ်မတုန်း .. အခု နောက်ဆုံးထွက်လာတဲ့ ကောလဟာလ က Apple က ၄ လက်မ iPhone ထုတ်မယ် ၊ အဲ့ဒီ iPhone က လက်ရှိ iPhone 6 ကို မွန်းမံတာ မဟုတ်ပဲ 5s ကို မွန်းမံပြီး iPhone 6c လို့နာမည်ပေးမယ့် အစား iPhone 5se လို့ နာမည်ပေးမယ် ဆိုတဲ့ သတင်း …

blog-iPhone-5se-1

5se က 5 ရဲ့ original design ကိုပဲ အများစု ယူထားမယ် ၊ headphone jack လည်း ပါမြဲအတိုင်း ပါမယ် ၊ သို့ပေမယ့် iPhone 6 လို curved glass edge တွေ ဖြစ်သွားမယ် ၊ အတွင်းမှာလည်း A8 chip ၊ 8 megapixel camera ၊ NFC chip စတာတွေ ပါလာမယ်။ Live Photo လည်း ရမယ်လို့ ပြောပေမယ့် 3D Touch လေးကတော့ 6s အတွက်ပဲ exclusive ဖြစ်မြဲ ထားမယ့် ပုံပဲဗျ။

Apple က လာတဲ့ အတွင်း သတင်းအရတော့ se ဆိုတာ “special edition” ဒါမှမဟုတ် “enhanced” ကို ဆိုလိုတာ ဆိုပဲဗျ။ သတင်းအတိုင်းသာ အမှန် ဆိုရင် March လမှာ ပြတော့မှာ။

ဒါနဲ့ ပြောပါရစေဦး … iPhone 5s, 6, 6s, 6s Plus …. ဒီဖက်မှာ S6, S6 Edge, S6 Edge Plus … … ဒီ S တွေ 6 တွေနဲ့မှာ ရူးချင်ချင် ကြားထဲ … အခု က 5se တဲ့ … ပြီးရော …

😛 😀

Source: Mac World, 9to5 Mac.

Leave a Reply

Your email address will not be published. Required fields are marked *