iPad Air 3 လည်း လာဦးမယ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

blog-ipad-air-3-1

ဒီလိုလေ … Apple က ၂၀၁၄ တုန်းက iPad Air 2 ကို ပြတယ် ၊ ၂၀၁၅ ကျတော့ size ကြီး iPad Pro ကြီးကို ပြဖို့ iPad Air အသစ်ကို ဒိုင်လျိုလေး လုပ်ထား ခဲ့တာ။

အခုု မတ်လ ၁၄ ရက်နေ့မှာ ပွဲပါတဲ့ ၊ အဲ့ပွဲမှာ iPhone 5se လားဘာလား ၊ ၄ လက်မ screen ဖုန်း နဲ့ တူတူ iPad Air 3 ကိုပါ ပွဲထုတ်ဦးမယ်လို့ ပြောလာ ကြပြန်ပါပြီ။ မတ်လ ၁၄ ရက်နေ့ကတော့ အလျော့အတင်း ရှိတယ် ၊ မသေချာသေးဘူး ဆိုလား ၊ စျေးရောင်း စျေးဝယ် စကား နဲ့ပြောလို့ ရပါသေးတယ်။

blog-ipad-air-3

iPad Air 3 နဲ့ ပတ်သက်လို့တော့ ၊ size က အရင်အတိုင်းပဲ ရှိမယ် ထင်တယ်ဗျ။ ဘာသတင်းမှ မကြားပဲ ၊ သူ့မှာ iPad Pro လို speaker ၄ လုံးနဲ့ audio system ကြီး ပါလာမယ် ၊ iPad Air ကို ကိုင်လို့ ဟောတစ်ပုံ … ဟောတစ်ပုံ ရိုက်တတ်တယ် ဆိုရင် ပိုအဆင်ပြေမယ့် LED Flash ပါလာမယ်လို့ ပြောကြပါတယ်။ နောက် iPad Pro မှာ သုံးလို့ရတဲ့ Apple Pencil ကလည်း iPad Air 3 မှာ သုံးလို့ ရမယ် ဆိုတဲ့ သတင်းတွေ ရှိနေတာပါ။

အဲ့ သတင်းတွေ အပြင် .. Apple ရဲ့ မတ်လ ပွဲမှာ Apple Watch နဲ့ ဆိုင်တဲ့ accessory အသစ်တွေလည်း ချပြမယ် ဆိုတဲ့ သတင်းလည်း ရှိကြောင်း တင်ဆက်ရင်း .. ဤယနေ့ သတင်းအစီအစဉ်ကို ဤနေရာတွင် ရပ်နား လိုက်ရပါတယ်ဗျာ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ ချမ်းသာ ကြပါစေ… 😛 😀

Source: Redmond Pie, 9to5Mac

Leave a Reply

Your email address will not be published. Required fields are marked *