iPad mini အသစ်လည်း ထွက်သေးတယ်

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

ဒီလိုဗျ ၊ ပြောပါရစေဦး … မနေ့ညက iPhone 6s တို့ 6s Plus တို့ Rose Gold တို့ ၊ leather ၂ ထပ်ပတ်တဲ့ ကြိုးနဲ့ Apple Watch တို့ ၊ ဆုုိဒ်ကြီးမှ တော်တော်ကြီးတဲ့ iPad Pro တို့ …

ဒီ iPad mini လေးကျ ဘယ်သူမှ စိတ်မဝင်စားကြဘူး ၊ keynote အပြည့်တော့ ကျွန်တော်လည်း မကြည့်ရသေးတော့ အဲ့မှာ ထည့်ပြောသွားသလား ၊ မပြောသွားသလား သေချာ မသိပေမယ့် ၊ သေချာတာကတော့ Apple က ဒီ mini နဲ့ အခြား iPad ကိစ္စကို တတ်နိုင်သမျှ အသာဘေးတွန်းဦးမှာ … ဒါမှလည်း လောလောဆယ် iPad Pro ကို စိတ်ဝင်စားမှု ပိုကြမှာကို … ကျွန်တော့် ဉာဏ်မှီသလောက်လေး မှန်းကြည့် တာပါလေ…

တကယ် ၊ အစက iPad mini လုံးဝ မထုတ်တော့ဘူးလို့ သတင်းတွေ ရှိပေမယ့် … ဒန်တန်… ဒီမှာ အမှန်တကယ် ထွက်လာပါပြီ။ ကောလဟာလတွေ အားလုံး ငြိမ်သက်စေ ၊ ဒါပေမယ့် ပြောပြဦးမယ်ဗျ။ နောက် ကောလဟလ တစ်ခုု ရှိသေးတယ် ၊ အဲ့ဒါက ဒီ iPad mini က ခုဟာ နောက်ဆုံးပဲတဲ့ ၊ နောက် mini ကို အနားပေး တော့မယ်ဆိုတာ ၊ ဒါကတော့ ဖြစ်နိုင်ချေ ရှိပါတယ်။ iPhone 6/6s Plus ကလည်း mini့ mini ဖြစ်နေပြီကိုး…

ရှိစေတော့ …

မနေ့ က အသစ် ချပြတဲ့ iPad mini က mini 4 ၊ လက်ရှိ iPad Air 2 ရဲ့ ဖန်တီးမှုတွေကို mini size ထဲ သွတ်သွင်း ထားတာ လို့ ပြောလည်း ရတယ် ၊ Air 2 ရဲ့ ဖန်တီးမှုအတိုင်း ဖန်တီးထားလို့ ပိုပါးသွားပြီး အရင်က 7.5 mm ရှိရာ ကနေ ၊ ခု 6.1 mm ဖြစ်သွားပြီ။

blog-ipad-mini-4-design

Display က လက်ရှိ mini အတိုင်း 7.9 inch. အဲ့ဒီမှာ 2048 x 1536 pixel resolution နဲ့ ပြပေးတော့ … 3.1 million pixel. အဲ့ဒီ့ ဆိုတော့ 326 pixel per inch နှုန်း ၊ ဝါးးးးး

နောက် mini 4 က Air 2 ရဲ့ display technology အတိုင်း Fully Laminated Display, LCD, Touch Screen ၃ခု အပေါ်ကမှ Cover Glass အုပ်ထားမယ့် နည်းပညာသစ် ၊ ဒါကြောင့် ပုုိပြီး အစစ်နဲ့ တူတဲ့ သဘာဝကျ တဲ့ ပုံတွေ ခံစား ရမှာ… (သူတို့ ပြောတာပါပဲ 😀 🙂 )

blog-ipad-mini-4-display

Processor ကတော့ 64 bit architecture A8, A8 ကိုမှာ M8 motion coprocessor တဲ့ ၊ ဒါကတော့ guru တွေ ပိုနားလည်လိမ့်မယ်ဗျ။ ကျွန်တော်တိုု့ကတော့ သာမန် user ပဲ ဆိုတော့ …

ကင်မရာတော့ နားလည်သပါ့ ၊ selfie တို့ groupfie တို့ wefie တို့ ရိုက်တဲ့ဟာ ။ သူက နောက်ကင်မရာ 8 megapixel, ရှေ့က 1.2 megapixel ၊ FaceTime HD cam နဲ့ ၊ နောက်ကတော့ video ကို 1080p ၊ Slo-mo ကို 120fps နဲ့ ရမှာ …

blog-ipad-mini-isight

Touch ID ကတော့ 6s တွေမှာ upgrade ဖြစ်သွားပေမယ့် mini 4 မှာတော့ hardware ကတော့ same, same။ Software ပိုင်းမှာပဲ upgrade လုပ်ပေးထားမှာပါ။

ဘက်ထရီကတော့ ၁၀ နာရီ အသုံးခံမယ့် lithium-ion battery ပါ။

blog-ipad-mini-software

Software ဆိုလိုု့ iOS 9 တင်ပြီး ရောက်လာမယ် ၊ multitasking function တွေ ဖြစ်တဲ့ app ၂ ခုု ဖွင့်သုံးတာ ၊ ဘေးဖက်ကို ပွတ်ပြီး multitask လုပ်လို့ ရတာစတဲ့ Side Over, Split View function တွေ ရမယ် ၊ ဒါပေမယ့် mini မှာ app ၂ ခု ဖွင့်ရင်တော့ နည်းနည်း ကသီပေမယ့် Android ဖုန်း screen မှာတောင်၂ ခြမ်းခွဲပြီး သုံးသေးတာပဲနော် ၊ လိုအပ်ရင် အိုကေမှာပါ။

အရောင်တွေကတော့ Silver, Gold, Space Gray

blog-iPad-mini-4-colors

စျေးတွေကတော့
iPad mini 4 – 16GB Wi-Fi: $399
iPad mini 4 – 64GB Wi-Fi: $499
iPad mini 4 – 128GB Wi-Fi: $599
iPad mini 4 – 16GB Wi-Fi + Cellular: $529
iPad mini 4 – 64GB Wi-Fi + Cellular: $629
iPad mini 4 – 128GB Wi-Fi + Cellular: $729

ဝယ်မယ်ဆိုရင် Apple Store ကနေ ဝယ်လို့ ရနေပါပြီတဲ့ဗျာ။

အဲ့ဒါ ပြောပြတာ …

🙂 😀

Source: Redmondpie

Leave a Reply

Your email address will not be published. Required fields are marked *