A9 လား ၊ လိပ်ပြာလေး ဖြစ်မလား ၊ ငါးကြော်ပဲ စားရမလား

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

တစ်လောက HTC O2 ဆိုပြီး ကျွန်တော် သတင်းရေးခဲ့သေးတယ် ၊ ခု O2 က ခဏငြိမ်နေပြီး A9 တဲ့ ၊ ဖြစ်ရပြန်ပြီ။

ဒီ A9 ကတော့ လက်ရှိ M9 ရဲ့ နောက်ဆက်တွဲ အနေနဲ့ HTC One A9 ဆိုပြီး ထွက်မှာလို့ မှန်းရသလို ၊ အဲ့ဒီ A9 ပြီးနောက် ပိုင်းမှာလည်း HTC Aero ဆိုတဲ့ ဖုန်း ၁ မျိုးလည်း ထပ်လာဖို့ ရှိတယ်လို့ မှန်းရတယ်ခင်ဗျ။ (A ချင်း A ကို ခြေချင်းလိမ် 😛 😀 )

ဒီ A9 မှာ Processor ဆိုရင် ထိပ်တန်းဆိုတဲ့ Media Tek Helio X20 deca-core ပါလာမယ်လို့ ဒီမနက်ပဲ သတင်းထွက်လာပါတယ် ၊ RAM က တော့ 4GB လို့ ပြောလတာပါ။ Display က 2K ဆိုတော့ ၊ ဒီ 2K ရယ် ၊ စူပါ့ စူပါ processor အတွက် နောက်က လိုက်ရမယ့် battery အားကလည်း သေးမှာ မဟုတ်ဘူး ခင်ဗျ။ HTC ကတော့ ဒီ battery အတွက် ခေါင်းခဲ ရမယ့် သဘောမှာ ရှိပါတယ်။

နောက် ရှိသေးတယ်။

September 29 မှာ HTC ရဲ့ ပွဲ တစ်ပွဲရှိတယ် ၊ အဲ့ဒီ ပွဲမှာ Butterfly 3 ကို ချပြမယ်ဆိုတဲ့ သတင်းကလည်း ဒီရက်ပိုင်း hot နေတယ် ခင်ဗျ။

ပြီးတော့ ခု နာရီ ခေတ်မှာ နာရီ မထုတ်သေးတာ ဆိုလို့ HTC ပဲရှိတော့ထင်တယ် ၊ Huawei တောင် smartwatch ထုတ်ကုန်ပြီ ဆိုတော့ HTC ရဲ့ နာရီ အသစ်လည်း ဒီပွဲမှာ ကြည့်ရနိုင်တယ်လို့မှန်းကြတယ်။

blog-htc-a9-1

တစ်လောက ဒီ HTC နာရီ နဲ့ ပတ်သက်ပြီး သတင်းထွက်လာတာက Halfbeak လို့ codename ပေးထားတဲ့ ပစ္စည်း တစ်ခု ထုတ်နေတယ်ဆိုပြီး ပြောကြပါတယ်။ Halfbeak ဆိုတာနဲ့ ပဲ နာရီ ဖြစ်သလား ဆိုတော့ ၊ နိုင်ငံရပ်ခြား ဆရာတွေ မှန်းပုံ မှန်းနည်း ကို ပြောပြဦးမယ် … အရင့်အရင့် တခြား ကုမ္ဗဏီတွေ နာရီထုတ်မယ် ဆိုတုန်းကလည်း Nemo တို့ Smelt တို့စသဖြင့် fishy codename တွေပဲ ပေးကြလို့ ဒီ Halfbeak ဆိုတဲ့ ငါးနာမည် codename နဲ့ product ကလည်း smartwatch ပဲ ဖြစ်မယ်လို့ မှန်းပါသတဲ့ဗျာ။ ဥာဏ်ကြီးရှင်များ တော်ချက်ကတော့ သြချ ရလောက်တယ်…

လောလောဆယ်တော့ မရှင်း မရှင်းတွေ ပဲ ခပ်များများရယ် ၊ ပွဲနီးလာလို့ ရှင်းရှင်း နဲ့ လင်းလင်းတွေ ပိုသိရဦးမှပဲ ထပ်ပြောပြဦးမယ်ဗျ ။ နော

🙂 😀

Source: Digital Trends