ခေါင်းလုံး မှသည် ခေါင်းပြား ဆီသို့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြောရရင်လည်း ပြောတယ် ဖြစ်ဦး်မယ် ၊ ခုတလော ဒီ headphone ခေါင်းကိစ္စက တော်တော် ခေတ်စား သပဲကိုးဗျ။ ပထမ Apple က သူတို့ရဲ့ iPhone အသစ်မှာ နဂိုပါနေကျ headphone ခေါင်း အလုံးလေး အစား ၊ charging သွင်းတဲ့ lightning cable ခေါင်းနဲ့ပဲ ပြောင်းသုံးမယ် ဆိုတဲ့ အသံ ထွက်လာတယ်။

ဂု Android ဖက်ကလည်း processor တွေရဲ့ ဂုရု Intel က headphone ခေါင်းဆိုရင် လက်ရှိ ခေါင်းလုံးလေး အစား ၊ အခု ခေတ်စား ၊ ပြောင်းသုံးလာနေတဲ့ USB Type C နဲ့ လုပ်ရင် မကောင်းပေဘူးလားလို့ ပြောလာပြန်ရောဗျ။ သူကပြောတင် ပြောတာမဟုတ်ပဲ ၊ ဒီရက်ပိုင်းမှာလုပ်မယ့် developer conference တွေမှာ တိုက်တွန်း ဆွေးနွေးတော့မှာ။

blog-USB-Type-C

အဲ့မှာ ကျွန်တော်စဉ်းစားတယ်လေ ၊ ဘာကြောင့် ခေါငး်ပြောင်းဖို့ တွေးလည်း မသိ ၊ နဂို ရှိပြီးသား နဲ့ အဆင်ပြေရဲ့သားနဲ့ ဖုန်းပိုပါးသွားဖို့ တစ်ခုထဲပဲလား … မှန်းစမ်း … အတွင်း ထပ်လေ့လာဦးမှ ဆိုမှပဲ … ကိုုယ့်ဦးနှောက်က အတွေး အတော်တိမ်မှန်း သိတော့တယ် ဟိ … 😛 😛

ဒီလိုဗျ … headphone ကို လက်ရှိ 3.5mm ခေါင်းအလုံးအစား ၊ Lightning ဒါမှမဟုတ် USB Type C ပြောင်းသုံးတယ် ဆိုပါစို့ ၊ အဲ့မှာ ဘာဖြစ်သွားမလဲ ဆိုရင် ..

နံပါတ် ၁ – Audio က digital ဖြစ်သွားပါမယ်တဲ့။ ဘာထူးသလဲ ဆိုရင် ၊ နားကြပ် ကုမ္ဗဏီတွေက သူတို့ နားကြပ်ထဲမှာ သူတို့ စိတ်ကြိုက် amp တွေ ထည့်လာ နိုင်လို့ သီချင်း နားထောင်တဲ့ အခါ အသံကောင်းခြင်း ၊ မကောင်းခြင်း က ပစ္စည်းနဲ့ မဆိုင်တော့ပဲ နားကြပ်နဲ့ပဲ ဆိုင်တော့မယ်။ ဆိုတော့ကား ၊ ဒီ နားကြပ်ကို ဒီဖုန်းမှာ နားထောင်လည်း ဒီအသံထွက်ပဲ ဂွတ်ရှယ် ၊ နောက်ဖုန်းတစ်လုံး ပြောင်းသုံးလဲ ဒီအသံထွက်ပဲ ဂွတ်ရှယ် … အဲ့လို ဖြစ်ဖို့ earphone / headphone ကုမ္ဗဏီတွေဖက်မှာ လုပ်ကွက်တွေ ပိုပြီး များလာမယ်လေ

နံပါတ် ၂ – Digital ဖြစ်သွားတာကြောင့် ၊ နားကြပ်မှာ smart feature တွေထည့်လာပြီး ၊ နားကြပ်ရဲ့ earbud ကနေတဆင့် heart rate တိုင်းတာ ၊ ကိုယ်အပူချိန် monitor လုပ်နေတာတို့ကို လုပ်လို့ရလာမယ်

နံပါတ် ၃ – သေချာတာကတော့ phone မှာ အပေါက် တစ်ပေါက် လျော့သွားလို့ curcuit board ဖန်တီးတဲ့အခါ အလုပ်ရှုပ်သက်သာ ၊ ဖုန်းမှာ နေရာပိုထွက် ၊ ခေါင်းက အပြားဖြစ်သွားတော့ ဖုန်းက ပိုပါး ..

စသဖြင့် ကောင်းကျိုးတွေ ရှိလာမှာပါဗျ။ မကောင်းတာကတော့ လက်ရှိရှိပြီးသား headphone ကို ဆက်သုံးလို့ မရတော့ဘူးပေါ့။

HTC ကလည်း အသစ်ထုတ်တဲ့ HTC 10 မှာ ဖုန်းရဲ့ headphone အတွက် ခေါင်းပြားကို သုံးပြသွားသေးတယ်ဗျ။ အစကတော့ မသိဘူးလေ … ဖုန်းပါးသွားဖို့အတွက်ပဲ ကြံတယ် မှတ်တာ … ဒီလို ကောင်းကွက်တွေ ရှိမှတော့လည်း ပြောင်းစေ သတည်းပေါ့ … 😀 🙂

Source: Verge via Phandroid

Leave a Reply

Your email address will not be published. Required fields are marked *