Headphone ပေါက် တကယ်မပါတော့ရင် ရော

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

iPhone အသစ် ထွက်ရင် headphone ပေါက်လေး မပါလောက်ဘူး ဆိုတဲ့ သတင်းကို ကြားပြီးပြီ ဟုတ် … ဒီလိုပဲလေ ၊ standard ဖြစ်နေပြီး ၊ တိမ်ကောတော့မယ် ထင်တဲ့ ပစ္စည်းတွေကို ချန်ချန် ထားပစ်ခဲ့တာက Apple ရဲ့ style ကိုး …

CD Drive တုန်းကလည်း မကြာခင် ၊ အဲ့ဒီ CD Drive ကြီးက မကြာခဏ ပျက်လာမယ် ၊ နောက်ပိုင်းမှာ apps ဆိုတာတွေ online ပေါ်ကပဲ သွားတော့မယ် ဆိုတာ ပန်းသီးဆြာကြီး များက ခန့်မှန်းပြီး သကာလ ၊ MacBook Air မှာ စပြီး CD Drive ကြီး ဖြုတ်ထားခဲ့တာ … ဟာ…… ဘာညာ ၊ ဝိုင်းအော်ကြပေမယ့် … ဟော .. ခုုကျ CD Drive ပါတဲ့ laptop ဆိုရင် .. ပဲ့တယ် မကိုင်ချင်ဘူး … သွားဆိုတာချည်းပဲ … 😛 😀

blog-iphone6s-headphone-jacks-1

ရှိစေတော့ ရှိစေတော့ .. ခုက Apple က နားကြပ်ပေါက်က ရှုပ်တယ် ၊ သူ့ကြောင့် ဖုန်းက ၁ မီလီမီတာ ၊ ၂ မီလီမီတာ စသဖြင့် ထပ်ပါးလို့ရတာကို မပါးနိုင်ဖြစ်နေတယ် ၊ ဒါနဲ့ပဲ iPhone 7 ကျရင် headphone ပေါက်ကြီးကို ဖြုတ်ထားခဲ့မယ် ဆိုတဲ့ သတင်းရှိလာပြန်တယ်လေ ..

ဒါဆို သီချင်း နားထောင်လို့မရတော့ ဘူးပေါ့ ဆိုတော့ ၊ ဒီလိုလည်း ဘယ် ဟုတ်မလဲ ၊ charging သွင်းတဲ့ ပေါက်မှာပဲ နားကြပ်ကို ထိုး ၊ စိတ်မပူပါနဲ့ လက်ရှိ iPhone မှာ ပါနေတဲ့ lightning ပေါက် နဲ့ ပဲ ပြင်ဆင်ထားတဲ့ headphone ပါ တပါတည်း ဗူးထဲမှာ ပါလာ မှာပေါ့။

ကိုယ့်စိတ်ကြိုက် နားကြပ်လေး နမြောတယ် ဆိုရင်လည်း Apple က 12 inch MacBook တုန်းက adapater တွေ ထုတ်ရောင်းသလို ၊ ပုံမှန် headphone jack နဲ့လာတဲ့ နားကြပ်တွေနဲ့ သုံးချင်ရင် ဟောဒီမှာ official adapter လေး ဝယ်သုံးပါ … လာထား ဒေါ်လာ ၄၀ … 😛 😀 အဲ့လိုလည်း အပိုဝင်ငွေ ရှာနိုင်တာပဲ…

ပြီးတော့ ဒီပုံတွေကို ကြည့်ရအောင်ဗျ

[one_third class=”” last=”no” ]blog-iphone6s-headphone-jacks-4[/one_third]
[one_third class=”” last=”no” ]blog-iphone6s-headphone-jacks-3[/one_third]
[one_third class=”” last=”yes” ]blog-iphone6s-headphone-jacks-2[/one_third]

သူက iPhone 7 အတွက်လို့ ထင်ချင်စရာ ရှိတဲ့ cover ပုံလေးပါ။ သူမှာ headphone ပေါက် မပါတော့ပေမယ့် ၊ အပိုဆုု အနေနဲ့က လက်ရှိ headphone ပေါက်နေရာမှာ speaker ပေါက်လေး ဖြစ်နေတော့ ၊ Apple က ဖုန်းမှာ headphone jack ကို ဖြုတ်ပြီး speaker အပိုတစ်လုံး ထပ်ထည့် ပေးမှာလား မသိ ။ အဲ့လိုသာ ဆိုရင်တော့ သီချင်းကို stero နဲ့ နားထောင်လို့ ရတဲ့ ပထမဆုံး mobile ဖုန်းများ ဖြစ်လာ မယ် ဆိုပဲ။

သိဘူးလေ .. သတင်းတွေကတော့ ခု တစ်မျိုး ၊ တောကြာ တစ်မျိုး ။ Cover ပုံကြီးကလည်း မဟုတ်မှ လွဲရော China iPhone Clone ကြီး အတွက်ဖြစ်နေမှ ဟုတ်ပေ့ … ဟဲဟဲ

ဒီတော့ လောလောဆယ်တော့ နားကြပ်ပေါက် ပါရေး ၊ မပါရေးကတော့ ရှင်းရှင်း မသိသေးဘူးရယ် ၊ သေချာ သလောက် ရှိတာကတော့ မတ်လ 21 နေ့ကျရင် Apple ကပွဲလုပ်မယ် ၊ အဲ့ပွဲမှာ ဖုန်းသေးသေးတွေ ကြိုက်တဲ့သူတွေ အတွက် ၄ လက်မ iPhone ထုတ်ပြဖို့ကတော့ သေချာပြီ နော… 😀 🙂

Source: OnLeak via Mashable

Leave a Reply

Your email address will not be published. Required fields are marked *