HTC One M10 အဖြူလေး များလား

blog-HTC-Logo-3-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Samsung ကလည်း S7 ဆိုပြီး ဟိုဟာ ထုတ်ပြလိုက် ၊ ဒီဟာ leak ပြလိုက် ၊ LG ကလည်း ပွဲက မစသေးဘူး cover တွေ ထုတ်ပြလို့ ပြ ၊ နဲ့ … ကဲ …. မဖြစ်ချေဘူး ၊ ငါလည်း နည်းနည်း ပြဦးမှ ဆိုပြီး HTC က ဒီပုံလေး leak ဖြစ်လာတယ်ဗျ။ 😛 😀

blog-HTC-Logo-3-2

HTC One M10 များဖြစ်လေမလား သတင်းတွေ သိုးသိုးသဲ့သဲ့ ရှိလာတယ်ဗျ။ ဖြစ်လေ မလား ဆိုတာ HTC က လက်ရှိ M9 ပြီးတဲ့နောက် M10 ဆိုတဲ့ နာမည် ကို ဆက်မသုံး တော့ဘူး ဆိုတဲ့ သတင်းကလည်း ရှိနေသေးတာကိုး…

ရှိစေတော့ .. leak ဖြစ်လာတာတော့ ပုံထဲကအတိုင်းပါ။ အဖြူရောင်လေးနော် ၊ ပြီးတော့ Samsung လို home button လေးနဲ့ လို့ ပြောရင် HTC fan တွေများ စိတ်ဆိုးကြလေမလား 😛 😀 အဲ့ဒီ home button က ခေတ်နဲ့ အညီ fingerprint reader လေးကတော့ ဖြစ်မှာ သေချာတယ်ဗျ။ နောက် HTC One M10 နဲ့ပတ်သ်ကလို့ 5.2 inch AMOLED display ဖြစ်မယ် ၊ Snapdragon 820 processor သုံးထားမယ် ၊ 4GB RAM ပါမယ် ၊ 12MP camera ပါမယ် စသဖြင့်တော့ သတင်းတွေ ရှိထားပေမယ့် HTC ကတော့ … နေနှင့်ဦး ၊ သူတို့ S7 တို့ G5 တုုိ့ သတင်းတွေ ရိုးသွားတော့မှ ချပြမယ် ဆိုလား … 😀 😛

Source: Evan Blass via Android Authority

Leave a Reply

Your email address will not be published. Required fields are marked *