HTC 10 တဲ့ဗိ်ဳး

~~~ ယူနီကုဒ်နဲ့ဖတ်မယ်ဆို

ကိုယ်တွေက ဒီဖက်မှာ သင်္ကြန်ကျ ၊ သူတို့တွေက ဟိုဖက်မှာ HTC M0 ကို ချပြ … အဲ့လို …

ဒါနဲ့ သတိထားမိလားဗျ ၊ HTC က One ရော M ရော ဖြုတ်လိုက်ပြီး HTC One M10 အစား HTC 10 လို့ပဲ ခေါ်တော့တာ …

blog-htc10-1

HTC 10 ရဲ့ ကောင်းကွက်တွေပဲ ရွေးပြောပါ ဆိုရင်တော့ အသံထွက် ရှယ်ပဲဆိုပဲ ။ ဖုန်းပါဆိုနေ ဘာ အသံထွက်တုန်းဆိုတော့ သီချင်း နားထောင်ရင် ပြောပါတယ်။ သူ့မှာ tweeter နဲ့ subwoofer အတွက် dedicated amplifier ပါတယ်ဗျ။ ဒါကြောင့် ကြည်လင် ၊ ရှင်းသန့် ၊ ကောင်းမွန် ၊ လန်းဆန်းတဲ့ အသံကို ခံစား နားဆင်ရမှာပါ။ သာမာန် ဖုန်း speaker တွေကထွက်တဲ့ အသံတွေလို မဟုတ်ပဲ detail ကျတဲ့ အသံတွေကို ခံစား ရမှာပါ။ Audio နဲ့ ပတ်သက်လို့ Hi-Res Audio-enable ဖြစ်ပြီး ဗူးထဲမှာလည်း Hi-Res earphone ပါသလို ၊ HTC က HTC 10 ကြေငြာပြီးတာနဲ့ JBL ရဲ့ noise-cancelling earphone ကိုပါ တပါတည်း ထုတ်လိုက်တာမို့ ၊ ရှယ်နားဆင်မယ် ဆိုရင် နားဆင်ဖို့ အသင့်ပြင်လို့ ရကြောင်းပါ။ ထူးထူးခြားခြားက JBL earphone က USB Type C port က နေသွားမှာ ဆိုတော့ ၊ headphone port ဖြုတ်ထားချင်တဲ့ Apple အတွက်တော့ လမ်းစ လမ်းန ဖြစ်လေမလားပဲဗျ။

blog-htc10-2

နောက်ကောင်းတာက ဟိုတစ်နေ့က သတင်းလွှင့်တဲ့ World’s First လေ။ တကယ်ပါလာပါပြီဗျာ။ HTC 10 က ကမ္ဘာ့ပထမဆုံး Optical Image Stabilization သုံးထားတဲ့ selfie camera ပါတဲ့ mobile phone ဖြစ်လာပါပြီ။ Image တွေ အတွက်ပဲလား ဆိုတော့ မဟုတ်ဘူးဗျ ၊ video တွေ အတွက်ပါ အလုပ်လုပ်တော့ လက်တုန် ခြေတုန် ရိုက်မိတဲ့ အခါ ပြန်ကြည့်ရင် ခေါင်းမူးတာတော့ သက်သာ သွားမယ့် သဘော ရှိပါတယ်။

blog-htc10-6

နှစ်သစ်ကူးမို့ ကောင်းတာတွေပဲ ရွေးပြောဦးဆိုရင်တော့ သူ့မှာ Fast Charging 3.0 ပါလာတယ်ဗျ။ ဗူးထဲမှာ ပါတဲ့ charger နဲ့သုံးမယ် ဆိုရင် ၁ ရက်စာ သုံးဖို့ လုံလောက်တဲ့ ဘက်ထရီ အတွက် မိနစ် ၃၀ charging လုပ်ရုံနဲ့ ဖြစ်နိုင်မယ် ဆိုတဲ့ ကောင်းကွက် ပါလာပါတယ်။ အပြည့်သွင်းပြီးရင် ၂ ရက်အသုံးခံမယ် ဆိုတဲ့ နောက်ထပ် ကောင်းကွက်လည်း ပါတော့ ပါပေမယ့် ၊ ဘယ်လို သုံးတာကို ဆိုလိုသလဲ တော့ မရေးထားလေတော့ ၊ charging သွင်းပြီး ဖုန်းကို ဒီတိုင်း standby ထားတာကို ဆိုလိုတာတော့ မဟုတ်လောက်ပါဘူးလေ နော 😛 😀

ဒီဇိုင်းပိုင်းမှာတော့ metal တော့ metal ပဲ ၊ အရှေ့ဖက်ကို glass ပြောင်းလိုက်တော့ ခေတ် ရေစီးကြောင်းထဲ လိုက်ပါ စီးမြောတယ် ဆိုပါတော့ ၊ နောက်ပြီး အရှေ့မှာ HTC ဆိုတဲ့ စာတန်း brand ကို ဖြုတ်ပြီး နောက်မှာပဲ ထည့်ပေးလိုက်တော့ အမြင်ရှင်းသွားသလို … branding ကို ဖုန်းရှေ့ဖက်မှာ မဖြစ်မနေ ထည့်ထည့်နေတဲ့ Samsung ရေ .. ကရော် ကရော်လို့ ပြောနေသလိုလို … ဟိဟိ

blog-htc10-4

Home button က fingerprint reader လိုပါ လုပ်ပေးမှာ ဆိုတော့ HTC high end series တွေ မှာတော့ ပထမဆုံး ဖြစ်လာမယ့် ကိန်းရှိတယ်ဗျ။

တစ်ခုက HTC 10 မှာ app တွေက HTC က ထုတ်တဲ့ app တွေကို အတင်းအကြပ် ၊ မပါမဖြစ် ၊ မဖျက်မသုံးရ ၊ ပေါ်လစီ မရှိပဲ ၊ ဥပမာ browser ဆိုရင် Google ရဲ့ Chrome ၊ gallery ဆိုရင် Google ရဲ့ Photo စတာတွေကိုပဲထည့်ပေးလိုက်လို့ ၊ ပါလာပြီး သုံးမကောင်းတဲ့ တခြားဖုန်း က built-in app တွေနဲ့ နှိုင်းယှဉ်ရင်တော့ ပိုပြီး practical ကျတဲ့ ဖုန်းလို့ ဆိုလို့ ရတာပေါ့လေ။

ဝေဖန်စရာဆိုလို့တော့ လောလောဆယ် ဒီဇိုင်းမှာ တခြားဖုန်းတွေလို ပြားပြားခြပ်ခြပ် ခေတ်စတိုင်လေး မဖြစ်လာတာတော့ ပြောစရာ…

blog-htc10-3

Specification တွေ အနေနဲ့ကတော့ Screen က 5 လက်မ ၊ အဲ့ဒီ screen က touch ကောင်းလွန်းပြီး respond မှာ နောက်ဆုံးပေါ် S7 က 163 millisecond ရှိနေတဲ့ အချိန်မှာ HTC 10 က 120 milliseconds မို့ အမြန်ဆုံးလို့ ဆိုပေမယ့် ၊ ဒီကိစ္စတော့ ကျွန်တော် လည်း technical သမား လုံးလုံး မဟုတ်လေတော့ ရေးထားတာပဲ ပြန်ရေးတဲ့ သဘောပါ ၊ သေချာတော့ နားမလည်ဘူးရယ် …

နောက်ကင်မရာက 12 megapixel ၊ f/1.8 aperture မှာ 1.55µm pixels (S7 ထက် ပိုကြီးတယ်) မို့လို့ pixel တွေ ၊ အလင်းကို ပိုဖမ်းယူ ၊ ပိုကောင်းတဲ့ ပုံ ရမယ်ပေါ့လေ (in သီအိုရီ)

blog-htc10-5

Processor က Snapdragon 820 CPU, RAM က 4GB ၊ internal storage က 32 GB / 64 GB ၊ microSD slot ပါမယ် ၊ ဘက်ထရီက 3,000 mAh ၊ Quick Charge 3.0 ကိုထောက်ပံပေးမယ်။

အရောင်တွေက Carbon Gray, Topaz Gold, Glacier Silver ၊ ရောင်းမှာက မေလ ၊ ဈေးကတော့ လောလောလတ်လတ် မသိရသေးပါကြောင်း ပြောပြရင်း ….

ရုံးတွေလည်း မကြာခင် ပြန်ဖွင့်တော့ မှာဆိုတော့ အလုပ်ပြန်လုပ်ရတော့မယ့် ရက်တွေကို ပင်ပန်းကြီးစွာ လက်ချိုးရေတွက်ရင်း … 😛 😀

Source: Trusted Review, CNet, GSMArena
[youtube video_id=”gncTpxGz7Ms” width=”0″ height=”0″ ]

Leave a Reply

Your email address will not be published. Required fields are marked *