အတိအက် ခဏ leak ခဲ့တဲ့ Z5

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

ဒီမနက်ပဲ You Tube မှာ Z5 နဲ့ ပတ်သက်ပြီး detail ကြီးတွေ leak လာခဲ့တယ်ဗျ။ ဒါပေမယ့် စိတ်မကောင်းပါဘူး ၊ အခု ကြည့်လုုိ့ မရတော့ဘူး ခင်ဗျ။ Privacy ဘာညာ ၊ သလကာ နဲ့ အဲဒီ clip က ပိတ်သွားပြီ။

Leaker ကတော့ ပြင်သစ် tech publication, Clubic ကနေ leak လုပ်ခဲ့တာ ဖြစ်ပြီး ၊ အမှန်တကယ် September ၂ ရက်နေ့မှာ Sony က ချပြပြီးရင်တော့ ချက်ချင်း ပြနိုင်အောင် လုပ်ထားခဲ့ပုံ ပေါ်တယ် ခင်ဗျ။

You Tube clip အရတော့ Z5 က ၃ မျိုး ၊ Z5, Z5 Compact, Z5 Premium ဆိုပြီး ၃ မျိုး ထုတ်မှာ သေချာ သလောက် ရှိပါတယ်။ ၃ မျိုးရဲ့ အဓိက ကွာခြားချက်က screen resolution ပါ။ Z5 Premium က 5.5 inch 4K LCD. ဟုတ်၊ 4K ၊ 3840×2160 smartphone ၊ 800 pixel per-inch ဖြစ်မှာပါ။

ပုံမှန် Z5 ကတော့ 5.2 inch, Compact က 4.6 inch ပါ။ ထင်ကြေးအရတော့ Z5 က 1080p နဲ့ Z5 Compact က 720p ဖြစ်ဖို့ များပါတယ်။

ဖုန်း ၃ မျိုးလုံးကတော့ power button မှာ fingerprint scanner ပါမယ် ၊ camera က 23 megapixel နဲ့ 2 days battery life ပါတဲ့ဗျာ။ ၂ ရက်တောင် အားမသွင်းပဲ အိုကေ ဆိုတော့ ကိုယ်တွေ အတွက် ဆန်းတောင် ဆန်းနေ သလိုလို …

ဘာဘာညာညာ သေသေချာချာကတော့ September 2 ရက်နေ့ မှာ သိရတော့မှာပါဗျာ။

🙂 😀

Source: Android Police

Leave a Reply

Your email address will not be published. Required fields are marked *