မရောင်းခင် စျေးလျော့တဲ့ Z5

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

မှတ်မိတယ်ဟုတ်… ပြီးခဲ့တဲ့ အပတ် Belin မှာ လုပ်တဲ့ IFA – International Electronic Fair မှ ချပြသွားတဲ့ Z5 ၃ မျိုးကို။ မမှတ်မိတော့ရင် ဒီမှာ ဖတ််လို့ ရတယ်ဗျ။ 😛 😀

ခု.. အဲ့ဒီ Z ၃မျိုးကို စျေးလျော့ပေးလိုက်ပြီ ၊ ဟုတ်တယ်။ မရောင်းခင်ကတည်းကကို စျေးလျော့ လိုက်တာ။ လျော့မှလည်း ဖြစ်မယ်လေ။ အမြင့်ဆုံး Z5 Premium က ဒေါ်လာ ၁၀၀၀ ကျော် ဖြစ်နေတာကို …

အရင်က စျေးက ဒီလိုဗျ
Xperia Z5 – £599 ($912)
Z5 Compact – £549 ($836)
Z5 Premium – £699 ($1,065)

ဟုတ်တယ် ၊ ကြောက်ခမန်းလိလိ ၊ ခုုတော့ ဒီလို

Xperia Z5 – £549 ($836)
Z5 Compact – £429 ($653)
Z5 Premium – £629 ($958)

ဒါလည်း ပြောသာ ပြောတာ ကြောက်ဖို့တော့ ကောင်းနေတုန်းပဲ ၊ ဒါပေမယ့် Z ရဲ့ စူပါ fan တွေကတော့ မှုမယ် မထင်ဘူးဗျ။ ဝယ်ဖုုိ့ စောင့်နေလောက်ပြီ။

blog-z5-price-cut-2

စျေးတွေက ပုံထဲက အတိုင်း UK Store မှာ ပြောင်းထားတော့ ကျန်တဲ့ နေရာတွေမှာလည်း လိုက်လျော့မယ် မှန်းရတာပဲလေ။ battery ၂ ရက်ခံမယ့် ဖုန်းတဲ့ ၊ စောင်ကြည့် ကြဦးစို့ ဗျ ၊ နော

Source: 9 to 5 Google

Leave a Reply

Your email address will not be published. Required fields are marked *