Z3 leak ပြန်ပြီ

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

Z5 နဲ့ ပတ်သက်လို့ press event ကိုတော့ စက်တင်ဘာ ၂ ရက်နေ့လို့ ကြေငြာထားလိုက်ပါပြီဗျ။ ဒီလို ကြေငြာပြီ ဆိုရင် ပုံတွေကတော့ leak ဖြစ်ပြီ ဆိုတာ ထုံးစံ လား … ဘာလား မပြောတတ် ခင်ဗျ။ Z5 နဲ့ Z5 Compact လို့ ယူဆ ရတဲ့ ပုံ တွေ leak ဖြစ်လာ ပါတယ်။

ပုံထဲမှာ တော့ Z5 Compact နဲ့ Z5 က iPhone 5s ကို ခြံရံလို့ …

ဒါနဲ့ fingerprint ကို setup လုပ်နေတာ မလား..

ဟုတ်တယ်ဗျ။ ပုံရဲ့ အပေါ်ဆုံးက ဖုန်း screen မှာ ကြည့်ရင် တွေ့မှာပါ။ fingerprint ကို Samsung ဖုန်းတွေလို home button မှာ မပြထားပဲ power button မှာ ပြထားတာ။

Power button မှာ fingerprint reader ကို ထည့်ထားတာ တမျိုး ဖြစ်နေပေမယ့် ပြန်စဉ်းစားတော့လည်း လက်တွေ့ ဆန်သလိုပဲဗျ။ ဖုန်းကို power ဖွင့်မယ်ဆို ၊ power button ကို လက်နဲ့ ထိမယ့်တူတူ ၊ တခါတည်း တန်းဖတ် ထားလိုက်တော့ ပြီးရောပေါ့။

blog-z5-1

ဒါပေမယ့် power button လေးက သေးသေးနဲ့ performance က ကောင်းပါ့မလား မသိ ၊ လက်ရှိ S6 တောင် home button မှာ ထည့်ထားတဲ့ fingerprint reader က iPhone ရဲ့ home button အဝိုင်းလောက် performance မကောင်းတာ…

ဒါပေမယ့်လည်း ဒါတွေက Myanmar Lifestyle အမြင်ပါ။ တကယ်သုံးကြည့်ရင်တော့ ပိုကောင်းတာလည်း ဖြစ်နိုင်ပါတယ်ဗျ။ နော

🙂 😀

Source: vizileaks, GSMArena

Leave a Reply

Your email address will not be published. Required fields are marked *