အစီးကြမ်းတဲ့ Motobot

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

မဖတ်ခင်မှာ ဒီ ပုံလေးတွေ အရင်ကြည့်ကြည့်

blog-motobot-1

Lever လေးဆွဲ ၊ break လေး clutch လေး ညှစ် ၊ gear လေး ပြောင်း လုပ်ပြသွားတာ။ ဆိုင်ကယ် မစီးတတ်တဲ့ ကျွန်တော့် အတွက် အခေါ်အဝေါ်တွေ တောင် မှန်လား မပြောတတ်ပေမယ့် သူလေးကတော့ စီးပြသွားတာ ဖြောင့်လို့ ။

blog-motobot-2

အဲ့ စက်ရုပ်က Yamaha ရဲ့ Motobot ပါ။ သိပ်မကြာခင်မှာ သူက ၁ နာရီကို မိုင် ၁၂၀ နှုန်းနဲ့ မောင်းပြတော့မှာတဲ့ ခင်ဗျ။ အခုတော့ သူက သင်ယူဆဲတဲ့. .. ၂၁ ရာစုု ဆိုတာ စက်ရုပ်က သင်ယူပြီး ကျွမ်းကျင်အောင် လုပ်ကြတဲ့ ခေတ်ထင်ပါ့ဗျာ …

blog-motobot-3

ဒီ YouTube clip လေးလည်း ကြည့်လို့ ကောင်းတယ်ဗျ (သီချင်းလေးလည်း မိုက်တယ်။ စာသားက “I was created to surpass you.” ဆိုပဲ) ။ To The Doctor ဆိုတာတော့ ဘာကိုဆိုလိုလည်း မသိ ၊ ဒါမျိုးစီးရင် ဆရာဝန်ဆီ ပြေးရမယ်လို့ ပြောချင်တာများလား .. ဟဲဟဲ 😀 😛

[youtube video_id=”4asCK8yamb0″ width=”640″ height=”360″ ]

အမှန်တော့ ဒီ စက်ရုပ်က လူတွေနဲ့ အားအားယားယား လျှောက်ပြိုင်ဖို့တော့ မဟုတ်ပါဘူး။ Yamaha က မော်တော်ဆိုင်ကယ်တွေနဲ့ ၊ စီးတဲ့သူတွေ safety အတွက် စမ်းစစ်လေ့လာမှုတွေမှာ လူအစား ဒီစက်ရုပ်ကို သုံးဖို့ ဒီ စက်ရုုပ်ကို အရင် ဖန်တီးထားတာပါတဲ့ ခင်ဗျာ။

YouTube clip ထဲမှာ စက်ရုပ်က training wheel လေးနဲ့ ချစ်စရာလေးဗျ ၊ ကလေးလေး စက်ဘီးသင်သလိုပဲ ၊ တတ်သွားရင်တော့ သူတို့ ပြောပုံအရဆို၊ အပီဖြဲမယ့် ပုံပဲ 😀 🙂

Source: The Next Web, Engadget

Leave a Reply

Your email address will not be published. Required fields are marked *