Xperia Z5 Premium ပါ ပါဦးမယ်တဲ့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

September ၂ ရက်နေ့ ဆိုရင် Xperia Z5 နဲ့ Z5 Compact ကို ချပြတော့မှာ။ အခုု စိမ့်လာတဲ့ သတင်းက Z5 Premium ဆိုလား Z5 Plus ဆိုလား ပါဦးမယ်တဲ့ဗျ။

ဒီ Premium / Plus က 5.5 inch 4K display ၊ ဟုတ်.. LG G4 တို့လို Note 5 တို့လို Quad HD, 1440p display မဟုတ်ဘူး ခင်ဗျ။ 4K, 2160p screen ပါ။
လောလောဆယ် ထွက်လာတဲ့ ပုံက သေချာပြီလို့ ပြောလို့တော့ မရသေးပေမယ့် Xperia လိုင်းထဲကပဲ ဗျ။

Z5, Z5 Compact, Z5 Premium / Plus သာ ၃ မျိုး ချပြရင် ၃ မျိုးလုံးက 23 megapixel camera ကို 1/2.2″ sensor, f/1.8 aperture နဲ့ ပိုကောင်းတဲ့ autofocus, optical image stabilization ပေါင်းမှာ အပြင် ၊ တလောက သတင်းထွက်ထားတဲ့ power button fingerprint reader လည်း ပါဦးမယ် အလားအလာ ရှိနေပါပြီ။

စက်တင်ဘာ ၂ လည်း သိပ်မလိုတောဘူး ဆုုိတော့ မကြာခင်တော့ အတိအကျ သိရတော့မှာ

🙂 😀

Source: GSMArena

Leave a Reply

Your email address will not be published. Required fields are marked *