Xiaomi Redmi Note 2 ထွက်ပါတယ်ဗျာ

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို …

Xiaomi က 125 ဒေါ်လာ နဲ့ 155 ဒေါ်လာ တန် Redmi Note 2 ၊ Note 2 Prime အသစ် ၂ မျိုး ကို ဒီနေ့ပဲ ချပြ ပါတယ်ဗျာ။ ပွဲကတော့ Beijing မှာ လုပ်ခဲ့တာပါ။

5.5 inch Android ဖုန်းထဲက စျေးနှုန်း အသင့်အတင့် ဆိုရင်တော့ ရွေးစရာ ၂ ခု တိုးလာတယ်လို့ပဲ ပြောရမှာပဲ ခင်ဗျ။

4G ရမယ့် dual-SIM ဖုန်းပါ။ 4G ကတော့ မရမယ့် တူတူ စိတ်ဝင်စားဖို့ မကောင်းပေမယ့် dual-SIM ကိုတော့ မြန်မာပြည်သူ ပြည်သားများ အားလုံး လက်ကမ်းလို့ ကြိုမှာ ကျွန်တော် ကတော့ ယုုံကြည်ပြီးသားပါ။ 🙂 😛

Display ကတော့ full HD (1920 x 1080 pixels) ၊ 2GHz MediaTek Helio X10 octa-core processor, 2GB RAM ကိုမှ 16GB onboard storage ပါ။ MicroSD slot လေးလည်း ပါတော့ … ဒန့် တန် ဒန်… S6 တို့ S6 Edge+ တို့ Note 5 တို့ …ကလည်ကလည် .. (စတာပါ)

blog-redmi-note2-2

13 megapixel နောက်ကင်မရာပါ။ phase detection autofocus လို့ ပြောပါတယ် (သိပ်တော့ နားမလည်ဘူး ခင်ဗျ) ၊ အရှေ့ ကင်မရာကတော့ 5 megapixel ပါ (ဒါတော့ သိတယ်လေ .. selfie ရိုက်တဲ့ ကင်မရာ.. ဟဲဟဲ) ။ ဘက်ထရီက 3,060 mAh (removable) ပါတဲ့ဗျာ။ အိမ်က entertainment system တွေကို control လုပ်ဖို့ IR blaster ပါတယ်လို့ ပြောပါတယ်။ (ကြည့်ရတာ Xiaomi TV တို့ Xiaomi Speaker တို့ Xiaomi ရေနွေးအိုး တို့ Xiaomi ပေါင်ချိန်စက်တို့ ၊ တစ်အိမ်လုံး Xiaomi သုံးရင် အဆင်ပြေမယ့် remote မျိုးဖြစ်မယ် ထင်ပါရဲ့ 😀 😛 )

blog-redmi-note2-3

Note 2 နဲ့ Note 2 Prime ၊ ဘာကွာလဲ ဆိုတော့ ဒေါ်လာ ၃၀ ပိုပါတယ်။

ဟဲဟဲ…ဒါတင်ပဲ တော့ ဘယ်ဟုတ်မလဲဗျ ၊ နော …

Note 2 Prime က ပို အားကောင်းတဲ့ 2.2 GHz processor ကိုမှ onboard storage က ၂ ဆ – 32GB ပါ။

ဖုန်း ၂ လုံးလုံးကို တရုတ်ပြည်မှာ သြဂုုတ်လ ၁၆ မှာ စရောင်းမှာပါ ၊ လာလာချင်းတော့ MIUI 6 OS ကို တင်ထားပြီး လက်ထဲရောက်ပြီးရင်တော့ MIUI 7 update လုပ်ပေးမယ်လို့ တပါတည်း ကြေငြာသွားပါတယ်ဗျာ။

🙂 😀

Source: Xiaomi

blog-ad-banner-rk-vent-holder

Leave a Reply

Your email address will not be published. Required fields are marked *