Xiaomi Redmi 3 ပါတဲ့ဗျာ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

blog-mi-3-1

ဆြာတို့ ဆြာမတို့ ၊ ခု လျော့တွက်လို့ မရတော့တဲ့ စာရင်းထဲမှာ Huawei တို့ Xiaomi တို့လည်း ပါလာပြီနော။ အခု Xiaomi က အသစ်ထုတ်တဲ့ Redmi 3 … aluminum body နဲ့ ၊ ထောင့်တွေလုံးထားပြီး အမြင်ကတော့ high end ဖုန်း တစ်လုံးနဲ့ မခြားဘူး ပဲ။ နောက်ဖက်မှာ diamond patten နဲ့ ဆိုတော့ ပိုလို့တောင် ဆန်းသေး …

blog-mi-3-2

အတွင်းမှာက Snapdragon 616 octa-core processor ကို 4 core က 1.5 GHz ၊ နောက် 4 core က 1.2 GHz ။ Graphic က Adreno 405 ၊ RAM က 2 GB ၊ storage 16 GB ၊ microSD နဲ့ ဆိုု 128 GB အထိ ရမယ်လေ (microSD slot ကြောင့် second SIM ကတော့ စတေးပေးလိုက်ရတယ်)

Display က 5 inch LCD ကို 1280 x 720 pixel ဆိုတော့ နည်းနည်းများ နိမ့်သလားလို့ တွေးမိပေမယ့် …. ဆြာ၊ ဆြာမတို့ .. တော်ပြီလေ ၊ ဒါ budget ဖုန်းကို ၊ ဘာများ ဒီထက် မျှော်လင့်ဦးမလို့ တုန်း

blog-mi-3-3

ကင်မရာက နောက် 13 megapixel ၊ ရှေ့က 5 megapixel ၊ ရှယ်က battery ဗျ။ 4,100 mAh တဲ့ ၊ 5 inch screen နဲ့ 4,100 mAh ဆိုတော့ အတော်ကို သုံးရမယ့် သဘော၊ Xiaomi ကတော့ ဘယ်နနာရီခံမယ် မပြောထားပေမယ့် ၊ ဖုန်းတွေ ကြော်ငြာရင်ပါတဲ့ ဘက်ထရီ သက်တမ်းက အမှန်မှ မရပဲဆိုတော့ ၊ မပြောလည်း အရေးတော့ မကြီးဘူးပေါ့ ၊ နော ..

blog-mi-3-4

OS က MIUI – Android 5.1.1 Lollipop ကို အခြေခံထားမယ် ၊ အရောင်က Fashion Gray, Fashion Gold, Fashion Silver, Classic Gold ဆိုပြီး ရပြီး ၊ Classic Gold ကတော့ နောက်မှာ diamond pattern ပါမှာ မဟုတ်ဘူး ခင်ဗျ။

အခုတော့ တရုတ်နိုင်ငံမှာ စရောင်းနေပြီး စျေးက ဒေါ်လာ ၁၀၆ ဝန်းကျင် ရှိပါတယ်တဲ့ဗျာ။

🙂 😀

Source: RedmondPie

Leave a Reply

Your email address will not be published. Required fields are marked *