Xiaomi Note 3 နဲ့ Mi Pad 2

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Xiaomi ကတော့ ထွက်ပြီဆိုရင် စျေးနှုန်းက စပြီး အားလုံးအားလုံး မျက်စိကျစရာတွေချညး်ပဲဗျ။ အခု Mi Note 3 နဲ့ Mi Pad 2 တဲ့ ၊ အသစ်။

Mi Note 3 က Xiaomi ရဲ့ ပထမဆုံး all-metallic smartphone နဲ့ fingerprint ပါတဲ့ phone ဖြစ်လာတာပါ။ ဒါနဲ့ အဲ့ Mi fingerprint reader က 0.3 စက္ကန့်မှာ အပြီးဖွင့်ပေးနိုင်မှာ ဆိုပဲဗျ။

blog-xiaomi-mi-note-3-1

သူက 8.5mm အထူ 165g အလေးချိန် ၊ ကျန်တဲ့ dimension ကတော့ အရင် Note အတိုင်းပဲဗျ။ Metal body ဖြစ်သွားတာပေါ့လေ။ 5.5 inch Full HD display, MediaTek Helio X10 SoC, 13MP camera, 5MP front-facing camera, 4,000 mAh battery ကို fast charging နဲ့ပါ။

blog-xiaomi-mi-note-3-2

Software ပိုင်းကတော့ MIUI 7 တင်လာမယ် ၊ fingerprint reader နဲ့ တွဲပြီး Mi Wallet ဆိုတာပါပေမယ့် ၊ ဒါကတော့ တရုတ်နိုင်ငံပဲ ရမယ် ထင်တယ်ဗျ။ Mi Note 3 ကို 2GB RAM – 16GB storage: 140$, 3 GB RAM – 32GB storage: 172$ ဆိုပြီး ၂ မျိုးထုတ်မယ် ၊ အရောင်တွေက gold, silver, dark grey တို့ နဲ့ ဝယ်လို့ ရမှာပါ။

အနာသား မီ ကတော့ Mi Pad 2 ပါ။ သူလည်း all metal chassis နဲ့ပါ။ လက်ရှိ Mi Pad ထက် ၁၈% ပိုပါးသွားမယ် ဆိုပေမယ့် ၊ တကယ်ထူးခြားတာက Android နဲ့ ရော Windows 10 နဲ့ ထုတ်မယ့် သဘောပါ။ (ကျွန်တော် နားလည်သလောက်ပေ့ါလေ) ဒါကြောင့် Windows tablet သုံးချင်တယ်ဆိုရင်လည်း Mi Pad 2 က အိုကိ …

blog-xiaomi-mi-pad-2-1

သူ့မှာ 6,190mAh battery နဲ့ကို standby time 648 hours လို့ ပြောပါတယ်။ Display က 7.9inch (2048 x 1536 resolution, 326PPI), 64 bit Intel Atom x5-Z8500 processor, 2GB RAM, internal storage က 16/64 GB. Camera က 8MP (front-facing 5MP) ပါ။ အလေးချိန်က 322g။ အရောင်တွေက dark grey နဲ့ champagne gold တို့ ရပါမယ်တဲ့ဗျာ။

စျေးကတော့ 16GB ကို 156$ ၊ 64GB ကို 200$ မို့ ၊ ဝယ်ရင် ကောင်း…..မ ….. လား …..

😀 🙂

Source: Android Central

Update:Mi Singapore Facebook Page ရဲ့ အဖြေအရတော့ Mi Pad 2 ကို တရုတ်ပြည်မှာပဲ အရင်ရောင်းမှာတဲ့ခင်ဗျ။ International market ကတော့ လာမယ် ကြာမယ်။ ဝယ်မယ်ဆိုရင်တော့ တရုတ်ဖက်ကနေ ပြည်တွင်းဝင်လာရင် သုံးလို့ ရမယ်ဗျ 🙂 😀

Leave a Reply

Your email address will not be published. Required fields are marked *