Xiaomi Mi 5 လာပါပြီ

blog-xiaomi-mi-5-lead-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ရပြီလေ ၊ Samsung နဲ့ LG ရဲ့ ၂ ရက်တာ အံ့သြမှင်သက်မှု ပြီးနောက်မှာ Samsung ရော ၊ LG ရော Apple ရော လဲသေလို့ ရပါပြီ။ ဒီမှာ Xiaomi Mi5 လာပါပြီ ၊ 5.15inch 1080 display ကိုမှ ဘောင်မရှိသလောက်ပျောက် ၊ ultra-bright 16-LED backlighting နဲ့ပါ။

3GB RAM – 32GB/64GB storage ကို ရွေးမလား ၊ 4GB RAM – 128GB storage – Pro ကို ရွေးမလား ၊ ကြိုက်တာကိုရွေး ၊ သေချာတာကတော့ Samsung ရော ၊ LG ရော ၊ Apple ရောထက် စျေးသက်သာမှာတော့ အမှန်ပဲဗျ။

blog-xiaomi-mi-5-lead-7

Processor တို့ ဘာတို့က နောက် ၊ အမှန်အကန် စိတ်ဝင်စား စရာလေးက Mi5 မှာ 4 axis optical image stabilization ဆိုုတဲ့ နည်းပညာလေး ပါလာတယ် ၊ ပြောပြနေတာထက် ဒီ YouTube လေးကို ကြည့်ကြည့် ၊ ဘာထူးသလဲဆိုတာ (လိုင်းမကောင်းရင်တော့ ၊ ဒါလေး ဖတ် ၊ သူက ဝင်ရိုး ၄ ခုကိုု အခြေပြုပြီး ရုုပ်ပုံကို ပိုုပြီး ငြိမ်အောင် ဖန်တီးပေးနိုင်တဲ့ Optical Image Stabilization နည်းပညာပါ။ လက်တုန် ၊ ခြေတုုန်နဲ့ ဓာတ်ရိုက်တဲ့ အခါ ပုံကောင်းကောင်းလေးထွက်အောင် အတင်း ဖန်တီးပေးနိုင်မယ့် နညး်ပညာပေ့ါ 😛 😀 )

[youtube video_id=”ZLMG-ReYhUk” width=”0″ height=”0″ ]

ကြည့်ပြီးဆိုရင် တွေ့ပြီနော် … Apple ဆိုတာ ပန်းသီး ကိုပြောတယ်ဆိုတာ … ဟဲဟဲ ၊ Megapixel တွေ အနေနဲ့ကတော့ နောက်ကင်မရာက 16 megapixel ၊ f/2.0 ၊ 4-axis optical image stabilization နဲ့ ၊ သုံးထားမှာက Sony ရဲ့ IMX 298 chip ပါ။ အရှေ့က selfie cam ကတော့ 4MP UltraPixel camera ပါ။ ပြီးတော့ ပုံထဲကအတိုင်း ကင်မရာဘု မရှိပါဘူးတဲ့ဗျာ။ ကင်မရာကို phone body ထဲ မြုပ်ထားတာမို့ အထစ်အငေါ့ မရှိကြောင်းပါ။

blog-xiaomi-mi-5-lead-6

ပြီးတော့ Mi 5 ဖုန်းက glass back နဲ့ ဆိုပေမယ့် Pro model လေးကို ရွေးချယ်လိုက်မယ် ဆိုရင် .. ဒန် တန်… Note 5 လို နောက်ဖက်မှာ အခုံးလေးနဲ့

blog-xiaomi-mi-5-lead-8

ဖုန်းက screen ရဲ့ အောက်မှာ physical home button လေး ပါလာတယ် ၊ ဒါပေါ့ ၊ fingerprint reader အနေနဲ့ အလုပ်လုုပ်ပေးမှာ။ ဒါ Xiaomi အတွက်တော့ ပထမဆုံး ပါပဲ။

blog-xiaomi-mi-5-lead-10

Samsung ကို ထားခဲ့တော့ … ထားခဲ့တော့……. charging အတွက် MicroUSB ကို ထားခဲ့ပြီ Type C ဖြစ်သွားပါပြီဗျာ။ ပြီးတော့ Snapdragon 820 processor မို့ Quick Charge 3.0 နဲ့ fast charging က လာထား…. Battery ကတော့ 3000mAh အကြီးစားထဲကပါပဲ။ အရွယ်အစားကတော့ 69.20 x 144.55 x 7.25mm ၊ 129g ပါ။

blog-xiaomi-mi-5-lead-9

OS ကတော့ Android 6.0 Marshmallow ကို အခြေပြုထားတဲ့ Xiaomi MIUI 7.0 ၊ ဝယ်လို့ ရမယ့် အရောင်တွေက ခေတ်ပေါ် အရောင်တွေဖြစ်တဲ့ black, white, rose gold …

blog-xiaomi-mi-5-lead-2

စျေးတွေက Pro: 4GB RAM – 128GB storage ကို 410 ဒေါ်လာ ဝန်းကျင် ၊ 3GB RAM – 64GB storage ကို 350 ဒေါ်လာ ဝန်းကျင် ၊ 3GB RAM – 32GB storage ကို 300 ဒေါ်လာ ဝန်းကျင် ဖြစ်ပါကြောင်းနဲ့ ၊ ရောင်းမယ့် အချိန် နဲ့ အမိမြန်မာပြည်ကို ရောက်ရှိလာမယ့် အချိန် ကိုုတော့ အတိအကျ ခန့်မှန်းလို့ မရပါကြောင်း အစီရင်ခံ တင်ဆက်လိုက်ရပါတယ်ဗျာ။

🙂 😀

blog-xiaomi-mi-5-lead-4

Source: Engadget, GSMArena, Android Central
Photos: Xiaomi, AOL via Engadget, GSMArena, 9to5Google & Android Central

[youtube video_id=”d8CxnHAAG7s” width=”0″ height=”0″ ]

Leave a Reply

Your email address will not be published. Required fields are marked *