မရှိရင်မနေနိုင်တာကလွဲလို့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

CNBC နဲ့ လုပ်တဲ့ အင်တာဗျူးမှာ Apple ရဲ့ CEO Tim Cook က အသစ်ထွက်မယ့် iPhone 7 နဲ့ ပတ်သက်လို့ “We are going to give you things that you can’t live without that you just don’t know you need today,” ဆိုပြီး ပြောသွားလေရဲ့ ၊ ဘာတွေ ဘယ်လို မရှိရင် မနေနိုင် ဖြစ်အောင် လုပ်ပြ မလဲတော့ မသိပေမယ့် ၊ လောလောဆယ်တော့ Apple ရဲ့ iPhone က စိတ်ဝင်စားမှု ကျနေတာတော့ အမှန်ပဲဗျ။ ဒီတလော ထွက်လာတဲ့ statistic တွေ အရ iPhone တင်ပို့ရမှုမှာ စံချိန်တင် ကျဆင်းလာနေတယ် ဆိုတဲ့ သတင်းလည်း ရှိလေတော့ … အဟက်ဟက် ….

blog-i7-interview-2

iPhone 5 ထုတ်လုုိက် ၊ နောက် နှစ်ကျ 5s လုပ်ပြလိုက် ၊ 6 ထွက်ပြီးတော့ နောက်တစ်နှစ်ကျ ပြန်တော့ 6s ဆိုတာ မှန်းလို့ ရနေပြီလေ။ အဲ့ဒါလည်း ပြောပြရဦးမယ်။ Apple က S ခံခံ ပြီး ထုတ်နေတာကို ရပ်ပြီး ၊ ရှေ့ နှစ်ကျရင် iPhone 8 ဆိုပြီး တန်းထုတ်မယ် ဆိုတဲ့ အဝေးကြီးက သတင်း တစ်ပုဒ်လည်း ရှိသေးတယ်ဗျ။

iPhone 8 ကျရင် all glass body ဖြစ်မယ် ၊ home button ကို ဖြုတ်မယ် ၊ wireless charging ပါလာမယ် စသဖြင့် သို့လော သို့လောတွေ ရှိပေမယ့် ၊ လောလောဆယ် ဒီနှစ်ထဲမှာ ထွက်မယ့် iPhone 7 က တော့ ဒီပုံကြီးများ တကယ် ဖြစ်နေမလား မသိ …

blog-i7-interview-1

မဟုတ်နိုင်ပါဘူးလေ ဆိုပေမယ့် ၊ ဟိုတစ်ရက် ဂျပန် site တစ်ခုမှာ iPhone 7 ရဲ့ အတွင်း component တွေနဲ့ ဆိုင်တဲ့ diagram ထွက်လာတယ် ၊ အဲ့ဒီ diagram နဲ့ အခု ပုံနဲ့ကို photoshop ထဲမှာ ထပ်ကြည့်တော့ camera တွေ connector တွေက ကွက်တိပဲ ဆိုလား YouTube မှာ ကြည့်လိုက်ရသေးတယ်။

Tim Cook ပြောတဲ့ မရှိရင် မနေနိုင် ဆိုတာက နောက်မှာ ပစ်ထွက်နေတဲ့ ကင်မရာ ကြီးများလား မသိ … 😛 😀

Source: 9to5Mac, Redmond Pie

Leave a Reply

Your email address will not be published. Required fields are marked *