Sony C3 Ultra နဲ့ M5 – အသစ်

[ေဇာ္ဂ်ီနဲ႕ဖတ္မယ္ဆို…]

Sony ရဲ့ smartphone တွေက ခု နောက်ပိုင်း စိတ်ဝင်စားခံရတာ အတော်နည်းလာတဲ့ ပုံပါ။ ပြီးခဲ့တဲ့ ၁ နှစ်ထဲမှာတင် Sony ရဲ့ phone တွေ ရောင်းချရမှုဟာ ၁၆.၃ ရာခိုင်းနှု်န်း လျော့ကျ လာပြီး PlayStation ဖက်က ရောင်းချရမှုထက်တောင် ထွက်ငွေဖက်က ပိုနေတာပါ။ (ချမ်းသာလို့ နေမှာနော့)

ခုတော့ Sony က အရှုံးတွေ ထဲကပဲ C3 Ultra နဲ့ M5 ဖုန်းအသစ် ၂ မျိုးကို ချပြလိုက်ပါတယ်။

C3 ကတော့ selfie camera ကောင်းတယ်လို့ နာမည်ထွက်ထား ပြီးသားမို့ ခု C3 Ultra ကလည်း ကင်မရာကောင်းမှာ ၊ selfie ချစ်သူတွေ အကြိုက်တွေ့မှာတော့ မှန်းထား ပြီးလောက်ပါပြီ။

blog-c3ultra

အပေါ်ပုံထဲထက အတိုင်း C3 Ultra မှာ ရှေ့ ရော ၊ နောက်မှာပါ 13 megapixel Exmor RS Camera တွေပါပြီး ၊ အရှေ့ဖက်ကတော့ 22m wide-angle lens ထည့်ပေးထားလို့ အုပ်စုလိုက် welfie ရိုက်တတ်တဲ့ သူတွေ အဆင်ပြေမယ့် ဖုန်းပါ။ သူက အရှေ့မှာတောင် Flash ပါလိုက်ပါသေးတယ်ဗျ။ အတွင်းမှာတော့ 1.7 GHz octa-core processor ၊ screen ကတော့ 6 inch ကို 1080p display နဲ့ ဘက်ထရီ က 2,930mAh မို့ Sony ကတော့ ၂ ရက်သုံးလို့ ခံမယ်လို့ ပြောပါတယ်ဗျ။

blog-ad-up1

နောက် တစ်လုံးက M5 ပါ။ M5 မှာတော့ 2GHz MediaTek X10 processor ကိုမှ 3GB RAM, 5 inch 1080p display။ ရေစိုခံ အဆင့် IP65/68 water and dust resistance ၊ ကင်မရာကတော့ ဒန်… တန့်…. တန် ….(ဒရမ်လေးတွေ တီးပေးပါ….) 21.5 megapixel Exmoor RS sensor ပါတဲ့ဗျာ။ 4K video ကို ရဲရဲကြီး ရိုက်လို့ ရပြီး ရှေ့ကင်မရာကတော့ 13 megapixel ပါ။ 2,600mAh battery မို့ Sony ကတော့ ၂ ရက် ခံမယ်လို့ ပြောတာပါပဲ။

blog-m5

ဖုန်း ၂ လုံးလုံးကတော့ Android 5.0 Lollipop ၊ microSD slot နဲ့ပါ (Samsung S6 တို့ Note 5 တို့ ရဲ့ အလွမ်းဇာတ်ထုပ်) ။ ဒီလထဲမှာတော့ စျေးကွက် စဖြန့်မယ် လို့ သိရပြီး ပြည်တွင်းရောက်လာမယ့် စျေးတော့ မခန့်မှန်းတတ်ပေါင်ဗျာ။

🙂 😀

Source: Engadget

Leave a Reply

Your email address will not be published. Required fields are marked *