ပိုသေးတဲ့ iPhone 6s Battery

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

iPhone 6s ကို ဦးဦးဖျားဖျား ရတဲ့ သူတွေကလည်း ပြုံးပျော်လို့ ၊ တချို့ကလည်း တစစစီဖြုတ်ကြည့်ပြီး ကြည်နူးလို့ …

ဖုန်းအသစ်တွေကို ဖွင့်ပြီး အတွင်းက ပစ္စည်းတွေ ကို ရှင်းပြတတ်တဲ့ iFixit ကတော့ အသစ်စက်စက် ဒီနေ့မှ ရတဲ့ iPhone 6s ကို တစစီ ဖြုတ်နေပါပြီ။ တလောက သို့လောသို့လောတွေ ပြောကြတဲ့ အတိုင်းပါပဲ ၊ iPhone 6s ရဲ့ ဘက်ထရီက အရင် iPhone 6 ထက် သေးတာ အမှန်ပါ။

အရင်က 1810mAh ဘက်ထရီကနေ ၊ အခုု 1715mAh ဖြစ်သွားခဲ့တာပါ။ ဒါက iPhone 6s မှာမှ ပါလာတဲ့ 3D Touch လုပ်ဆောင်ချက် အတွက် လိုအပ်တဲ့ Taptic Engine အတွက် နေရာနည်းနည်း ဖဲ့ပေးလိုက်ရတာ အတွက် ကြောင့်လို့ ပြောပါတယ်။

blog-i6s-battery-2

ဒါပေမယ့် စိတ်မပူပါနဲ့လေ ၊ ဘက်ထရီ capacity နည်းသွားတိုင်း အသုံးမခံတော့တာမှ မဟုုတ်ပဲဗျနော ၊ အခုု အသစ်ထွက်ထားတဲ့ iOS 9 ရဲ့ ပို ကောင်းလာမယ့် လုပ်ဆောင်ချက်တွေနဲ့ ဆိုရင် battery စားတာလည်း ပိုကျသွားမယ် ၊ ဒါဆို battery capacity နည်းသွားတာနဲ့ ဘဲစားဘဲခြေ ဖြစ်ပြီး အရင် iPhone တွေလောက် ဘက်ထရီ အသုံးခံမယ် …. လို့ … မေ ျှာ်လင့် ရတာပဲလေ…

🙂 😀

Source: iFixit

Leave a Reply

Your email address will not be published. Required fields are marked *