(1 review)

Kinesiology Tape – AONIJIE

10,500 Ks

ANOIJIE Myanmar Kinesiology ဆိုတာက ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို လေ့လာစမ်းစစ်တဲ့ scientific study တစ်ခုပါ။

Kinesiology tape ဆိုတာကတော့ လှုပ်ရှားသွားလာမှုကို အနှောက်အယှက် မဖြစ်စေပဲ ယောင်ယမ်း နာကျဉ်တဲ့ဒဏ်ကို လျော့ချပေးနိုင်တဲ့ tarapeutic tape တစ်မျိုးပေါ့။

ဒီ kinesiology tape ကိုကပ်လိုက်တဲ့အခါ tape က အနည်းငယ်ပြန်ကျုံ့သွားတာနဲ့အမျှ အရေပြားကို အနည်းငယ် မ တင်ပေးသွားပြီး အရေပြားနဲ့ tissue ကြားမှာ အတော်ကိုသေးတဲ့ ကွာဟမှုလေးကို ဖြစ်သွားစေတယ်ဗျ။ ဒီလို ဟ သွားတာနဲ့ အမျှ ဒီ tissue တွေမှာရှိနေတဲ့ နာကျဉ်မှုတွေကို ဦးနှောက်ဆီ ပို့ပေးနေတဲ့ sensory receptors တွေပေါ် ရောက်နေတဲ့ဖိအားက သက်သာသွားပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် ဦးနှောက်က နာကျဉ်တဲ့ signal တွေ ရတာ နည်းသွားပြီး ကပ်ထားသူအနေနဲ့ နာကျဉ်မှုကို လျော့ပြီး ခံစားရသလို ၊ performance ပိုင်းမှာလဲ ထိခိုက်မှု မရှိတော့တဲ့ လေ့လာတွေ့ရှိချက်တွေ ရှိပါတယ်။

Kinesiology tape တွေက ကပ်ထားတဲ့သူရဲ့ အရေပြားအနေအထားအလိုက် ပုံစံပြောင်းလဲ ရယူနိုင်တဲ့ အားသာချက် ရှိလို့ သာမာန် ဒူးပတ် ၊ လက်ပတ်တွေလို လှုပ်ရှားသွားလာမှုကို အနှောက်ယှက်လုံးဝ မပေးသလို ၊ တစ်ခါကပ်ထားပြီးရင်လဲ ၁ ရက် ကနေ ၃ ရက်ထိ အထားခံထားကလဲ သူ့ရဲ့ထူးခြားချက်ပါ။

AONIJIE kinesiology tape က spandex meaterial ကို သုံးပေးထားတဲ့ အပြင် လှိုင်းတွန်း pattern လေးတွေကြောင့်အခြောက်မြန်တဲ့ အပြင် waterproof ဆိုတော့ ရေချိုးလို့ ရေကူးလို့လဲ ရသေးတယ်လေ။

ဒီ kinesiology tape တွေက ကပ်ပုံကပ်နည်းမှန်ရင် ပိုပြီး ထိရောက်မှုရှိပြီး ဒီ ကပ်နည်းတွေကို YouTube မှာ အလွယ်တကူ ရှာလို့ရပါတယ်။ ကျွန်တော်တို့လဲ ဒီအောက်မှာ လက်လှမ်းမှီသလောက် စုစည်းပေးထားပါတယ်ဗျာ။

Specifications

Pre-cut: 10 pcs per package (25 x 5 cm – 10pc)
Roll: 1 roll per package (500 x 5 cm – 1 roll)
Material: Spandex
Waterproof: Can be used in shower and pool

Kinesiology Tape

Kinesiology is a scientific study of human body movement. Kinesiology tapes support but didn’t limit movement the way traditional athletic tapes do.

When the tape is applied to your body, it recoils slightly, gently, lifting your skin. It is believed that this helps to create a microscopic space between your skin and the tissues underneath it. Decompressing those tissues can change the signal going to the brain. When the brain receives a different signal, it’s going to respond differently which can also improve your performance.

Kinesiology tapes are designed to mimic the skin’s elasticity so you can use your full range of motion and it can stick between 1 to 3 days. AONIJIE kinesiology tapes are made of spandex, highly elastic and it is waterproof. We are pretty sure you can keep up your performance with AONIJIE kinesiology tapes.

Kinesiology Tape - AONIJIE

These might be useful for you.

1 review for Kinesiology Tape – AONIJIE

  1. Mp L. (verified purchase via shop.com.mm)

    Best for back ache muscle support.

Add a review

Your email address will not be published. Required fields are marked *