Slim Running Belt – Naturehike

15,000 Ks

အပြင်ထွက် jogging လုပ်မယ် ဆိုရင် ၊ မပါမဖြစ်တဲ့ ဖုန်းရယ် ၊ အိမ်ထဲ ပြန်ဝင်ဖို့ သော့ရယ် ၊ အရေးပေါ်သုံးဖို့ပိုက်ဆံရယ် ၊ ကားနဲ့သွားရင် ပါရမယ့် ကားလိုင်စင်ရယ် ၊ ဒီပစ္စည်းတွေကို အနှောက်အယှက် မဖြစ်ပဲ ကိုယ်နဲ့ မကွာ ထားရတဲ့ ဒုက္ခက jogging လုပ်ရတာထက်တောင် ပို ပင်ပန်းတတ်တာ အပြင်ထွက် အားကစား လုပ်တဲ့ အခါတိုင်း တွေ့ရတတ်တဲ့ ပြဿနာပါ။

ခါးပတ်အိတ်အမျိုးမျိုး ရှိပေမယ့် ၊ အိတ်ကကြီး ၊ ပြေးတဲ့အခါ bounce ဖြစ်နေလို့ ပြေးလို့ လွှားလို့ မကောင်း ၊ ဒီ အခက်အခဲတွေလည်း ရှိတတ်ပါသေးတယ်။ ဒီ running belt ကတော့ Jogging ၊ outdoor sports အတွက် အဓိကထား ဖန်တီးထားပြီး ၊ လိုအပ်တဲ့ ပစ္စည်းတွေ အတွက် လုံလောက်တဲ့ အကျယ်အဝန်းရှိသလို ၊ လှုပ်လှုပ်ရှားရှား လုပ်တဲ့အခါ ခန္ဓာကိုယ်နဲ့ အတတ်နိုင်ဆုံုး တသားတည်း ဖြစ်အောင် ဒီဇိုင်း ဖန်တီးထားလို့ ၊ တခြား running belt တွေလို ဝန်မပိုတော့ပဲ ၊ အဆင်ပြေပြေ သက်သက်သာသာ ရှိမယ့် Naturehike အမှတ်တံဆိပ် Slim Running Belt ပါဗျာ။

Weight: 54g
Material: Polyamide lycra

SKU: OUT-NH-RUN Category: Tags: , , ,

Lightweight Slim Running Belt