Lightweight Running Headlamp – Naturehike

47,500 Ks

Road running ပဲ လုပ်လုပ် ၊ trail running ပဲ သွားသွား ၊ ကိုယ့်အတွက် အန္တရာယ် မရှိအောင် ရှေ့ကို သေချာ မြင်ရဖို့ လိုသလို ၊ လမ်းပေါ်က ကားတွေကလဲ ကိုယ့်ကို ကြိုမြင်နိုင်အောင် လုံလောက်တဲ့ အလင်းရောင် တစ်ခုခု runner က ထုတ်ပေးနေဖို့လိုတယ်လေ။

ဒီ Naturehike lightweight running headlamp က ကြိုးပါအပါမှ 48g ပဲလေးလို့ အမြဲတပ်ထားလို့ အနှောင့်အယှက် မဖြစ်တဲ့အပြင် ၊ ကြိုးရဲ့ နောက်ဖက်မှာ ရောင်ပြန်ပါသေးလို့ အနောက်ဖက်က လာနေတဲ့ ကားတွေကိုလဲ ကြိုတင်အသိပေးထားနိုင်ပါသေးတယ်။ ချွေးထွက်များတဲ့ အားကစားနည်းကိုမှ ကြိုက်မိပေမယ့် ၊ ချွေးနံ့နံနေတဲ့ ခေါင်းစည်းကြိုးကိုပဲ ထပ်တလဲလဲ မသုံးရအောင် ခေါင်းစည်းကြိုးက sweat-absorbent, antiperspirant ဖြစ်ပြီးသားပါဗျာ။

IP54 မို့ မိုးထဲလေထဲပဲ ပြေးပြေး ၊ ဖုန်ထူတဲ့ trail မှာပဲ ပျော်ပျော် စိတ်တိုင်းကျ သုံးလို့ရပြီး buit-in ပါတဲ့ 600mAh battery က လင်းအား အပြည့်နဲ့ ၁ နာရီခွဲ ၊ လင်းအားအလယ်လတ်နဲ့ နာရီ ၄၀ ထိ ခံတော့ မကြာခဏ အားသွင်းဖို့လဲ ပူစရာ မလိုတော့ဘူးလေ။

လမ်းပေါ်က ချိုင့်ကွက် မြောင်းပေါက် အန္တရာယ်တွေ နဲ့ အရှိန်နဲ့ မောင်းနေတဲ့ ကားတွေရဲ့ အန္တရာယ် တွေကို ဝေးဝေးရှောင်ပြီး အေးအေးဆေးဆေး ပြေးနိုင်အောင် အားဖြည့်ပေးမယ့် Naturehike lightweigth running headlamp ပါဗျာ။

Specifications

• Dimensions: 6 x 3.7cm
• Lumen: 200 LM Max
• Battery: 600mAh
• Working Time: 1.5-40 Hour
• Charging Mode: USB Charging 5V
• Weight: 48g (headlight + webbing)
• Material: Mainly made of PC material (silicone buttons, ABS fasteners, polyester webbing)
• Lamp beads:LED lamp beads 3W (spotlight) 0.8W (floodlight)
• Adjustable angle: 0°, 15°, 30°

Modes

Floodlight (10%) – 3 lumen – 8 meter – 40-50 hour
Floodlight (100%) – 130 lumen – 15 meter – 2-2.4 hour
Spotlight (10%) – 9 lumen – 80 meter – 30-40 hour
Spotlight (100%) – 220 lumen – 150 meter – 1-1.5 hour

ဒီပစ္စည်းကို Shop.com.mm ရဲ့ Naturehike Running Headlamp – page ကနေလဲ ပို့ခ သက်သက်သာသာနဲ့ဝယ်လို့ ရပါတယ်ဗျာ။

Whether you are a road runner or trail runner, this lightweight headlamp will help you see your path clearly and illuminate enough light to signal the speedy cars on the Yangon roads. Thanks to its sweat-absorbent antiperspirant headband, you will feel fresh on your every run. More, it only weighs 48g and the headband has a reflector at the rear too.

Weight 0.6 kg
Dimensions 10 × 10 × 5 cm

Reviews

There are no reviews yet.

Be the first to review “Lightweight Running Headlamp – Naturehike”

Your email address will not be published. Required fields are marked *