Kickstand ဖြစ်လာမယ့် Stylus

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

Samsung က မူပိုင်ခွင့် ဒီလိုလေး တင်တယ်တယ်ဗျ။ Note ဖုန်းတွေမှာ ပါတဲ့ S Pen လို့ ခေါ်ခေါ် ၊ stylus လို့ပဲ ခေါ်ခေါ် ၊ ရေးလို့ ခြစ်လို့ ရတဲ့ အဲ့ဒီအတံလေးကို တဝက်ထိပဲ ဆွဲထုတ် ၊ ခေါက်ကြောင်းလေးအတိုင်း အနောက်ကို ချိုးလိုက်ပြီးရင် ဖုန်းကို ထောက်ထားမယ့် kickstand အဖြစ်သုံးလို့ ရမှာပါ။

blog-samsung-stylus-kickstand-3

Kickstand ဘာလို့ လိုလည်းဆိုတော့ ဖုန်းလေးထောင်ပြီး သုံးလို့ရလို့ပေ့ါ 😛 😀 ၊ ဖုန်းနဲ့ video တို့ YouTube တို့ ကြည့်တာများရင် ၊ video chat လုပ်တာများ ရင် kickstand က အဆင်ပြေသားဗျ။ (iPhone အတွက် kickstand သုံးချင်တယ် ဆိုရင်တော့ ကျွန်တော်တို့မှာ kickstand function နဲ့ ဒီလို cover ရှိတယ်ဗျ – ကြော်ငြာ 😀 😀 )

blog-samsung-stylus-kickstand-2

Samsung ရဲ့ မူပိုင်ခွင့်တင်ထားတဲ့ ပုံအရ stylus ကို ခေါက်နိုင် ၊ အတည့်လုပ်နိုင်ဖို့ သေချာ ဖန်တီးထားမယ့် ပုံပါ ။ ပုံလေးတွေကို ရှုစားကြည့်ပါဗျာ။

blog-samsung-stylus-kickstand-1

မူပိုင်ခွင့် စာရွက်စာတမ်းအရ 2015 တတိယ လေးလပတ် မှာမှ ဆိုတော့ အသစ်ထွက်မယ့် Note 6 ဆိုရင်တော့ မမှီလောက်ဘူး မှန်းရတာပဲ။ Note 7 ကျမှပဲ ပါလာလေမလား ၊ Note infinity မှပဲ တွေ့ရမလား .. 😀 🙂

Source: GSMArena

Leave a Reply

Your email address will not be published. Required fields are marked *