ဘာပစ္စည်းမှ ထပ်ထည့်ဖို့ မလိုတဲ့ Samsung VR

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

သိတယ်ဟုတ် ၊ ခေါင်းမှာ ခေါင်းစွပ်ကြီး စွပ်ပြီး သုံးရတဲ့ Virtual Reality ဆိုတဲ့ VR. ကျွန်တော်တော့ မူးတတ်တဲ့ ဓာတ်ခံ ရှိလို့ ၊ အဲ့ ခေါင်းစွပ်ကြီးတပ်ကြည့်ရင် ထိုင်ရမထ motion sickness ရနေတာ။

သို့ … ပေ… မယ့် … အဲ့ဒီ VR ကလည်း ဂိမ်းကစားရုံအပြင် တခြား ကောင်းကွက်တွေလည်း ရှိတာပဲမလား ၊ မရောက်ဖူးတဲ့နေရာ သွားလည်လို့ရတဲ့ app တို့ ၊ YouTube ထဲ ဆိုရင်လည်း စတိတ်ရှိုးများ ကိုယ်တိုင်သွားကြည့်ရတဲ့ feel နဲ့ VR ရဲ့ ကောင်းကွက်တွေ…

blog-samsung-VR-1

ဒါ… ပေ … မယ့် အဲ့ဒီ VR မှာ ကြည့် … Facebook ရဲ့ Oculus Rift, Samsung ရဲ့ Gear VR, HTC ရဲ့ Vine, Sony ရဲ့ Playstation VR ၊ Google က ပုံစံချပေးတဲ့ Cardboard … Oculus နဲ့ Vine က ကွန်ပျူတာနဲ့ ချိတ်ရမယ် ၊ Gear က Samsung ဖုန်းတွေ ၊ Android ဖုန်းတွေနဲ့ ချိတ်ရမယ် ၊ Sony က PlayStation နဲ့ ချိန်ရမယ် ၊ အားလုံး လွတ်လွတ်ကင်းကင်းကို မရှိဘူး .. ဟုတ် ??

အဲ့ဒါနဲ့ ခုု Samsung က ဘာပစ္စည်းမှာ ထပ်ထည့်စရာ မလိုပဲ ခေါင်းစွပ်ချည်းပဲ သက်သက် အလုပ်ဖြစ်အောင် ၊ လိုတာမယ်တာ အားလုံး ထည့်ပေးထားမယ့် Virtual Reality – VR Headset ကို ထုတ်လုပ်ပါတော့မယ်ဗျာ။ ဒီသတင်းကိုတော့ San Francisco မှာ လုပ်တဲ့ Samsung Developer Conference မှာ ဝယ်လို့ရမယ့်ရက်နဲ့ စျေးတော့ မပြောပဲ ကြေငြာသွားကြောင်းပါဗျာ။

blog-samsung-VR

ဒါနဲ့ပြောရဦးမယ်ဗျ … ကျွန်တော့်အတွက်တော့ VR ဆိိုလို့ အဲ့ခေါင်းစွပ်ကို တပ်ပြီး မတ်တပ်ရပ်သုံးရင် အခက်ခဲရှိတယ်ဗျ ၊ ကျွန်တော်တို့ store မှာ ရောင်းဖို့ စမ်းသုံးတုန်းကတော့ ဆုံလည်ခုုံမှာ သုံးတော့ ဟန်ကျလို့ပဲ။ ဟိုလှည့် ဒီလှည့် မူးတော့ မူးပေမယ့် ပြုတ်ကျပြီး ဘုသီးတော့ မထွက်တော့ဘူးပေါ့ … ဟိ 😛 😀

Source: Android Authority

Leave a Reply

Your email address will not be published. Required fields are marked *