Note 7 အပြီးအပိုင် ဆုတ်ခွာလေပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

စိတ်မကောင်းစရာ… မနက်က အိပ်ယာကနိုး ၊ သတင်းတွေဖတ်တော့ ၊ တကယ်ကြီးလား ??? Samsung အတွက် စိတ်မကောင်းသလို ၊ ကိုယ့်အတွက်လည်း ကိုယ် စိတ်မကောင်း ဖြစ်မိတယ်။ သွားရှာပြီလေ … ဂိုဒေါင်မှာ ဝယ်ထားပြီးတဲ့ Note 7 cover တွေ … 😛 😀

blog-note7-discontinue-1

မနေ့ကတော့ သတင်းတွေဖတ်ရတယ် ၊ အမေရိကားမှာ AT&T တို့ ဘာတို့ Note 7 မရောင်းတော့ဘူးလို့ ၊ မနေ့ ညနေကျတော့ Best Buy တို့ ဘာတို့ တပ်ဆုတ်ကုုန်ပြီး ကြားတယ် ၊ ဒီနေ့ မနက်မှာတော့ Samsung ကိုယ်တိုင်က Note 7 တွေကို လုံးဝ လုံးဝကို ရပ်ဆိုင်းလိုက်ပါပြီဆိုတာကို official ကြေငြာလိုက်တာပါ။

Battery တွေ လဲပြီး ပြန်ထုတ်ပေးပေမယ့် ၊ ပြန်ထုတ်ပေးတဲ့ အလုံးတွေမှာ ပူတာ ပေါက်ကွဲတာတွေ ဖြစ်တာကြောင့် ၊ Samsung က customer တွေ လုံခြုံရေးအတွက် ရှေ့ရှုပြီး Note 7 တွေကို လုံးဝ စျေးကွက်မတင်ဖြစ်တော့ ပါဘူး လို့ Samsung ရဲ့ blog မှာ ဖတ်လိုက်ရပါတယ်။

ဒါကြောင့် ၊ မလဲရသေးတာ ဖြစ်ဖြစ် ၊ လဲပြီး ပြန်သုံးနေတာ ဖြစ်ဖြစ် ၊ ပါဝါပိတ်ပြီး ဝယ်ယူခဲ့တဲ့ နေရာမှာ ပြန်အပ် ၊ တခြား ဖုန်းနဲ့ လဲလှယ်ဖို့ သတင်းထုတ်လိုက်ကြောင်းပါဗျာ။

သူတင် ကိုယ်တင် အပြိုင်ကျဲကြတဲ့ ပွဲမှာ Android ရဲ့ စစ်သူကြီးကတော့ ကျရှုံးသွားပြီဆိုတော့ ဒီနှစ် ပွဲကတော့ ပျင်းတော့ ပျင်းစရာ ကောင်းသားဗျ။

ဒါနဲ့ လောလောဆယ်တော့ Samung ရဲ့ Gear VR ကို ၊ နောက်ခံ နည်းပညာတွေ ပံ့ပိုးထားတဲ့ Oculus ကလည်း ကိုယ်တစ်ယောက်တည်း VR Headset ကြီးနဲ့ တစ်ဗွေထဲ ကျိတ်ကြည့်နေတုန်း မျက်စိနားမှာ ထ ပေါက်ကွဲမှုမျိုး မဖြစ် ရလေအောင် Gear app မှာ Note 7 ကို support မလုပ်တော့ပါဘူးလို့ ဒီစာလေး ရေးနေတဲ့ အချိန်မှာတင် သတင်း ဖတ်လိုက်ရပါသေးတယ်။

blog-note7-discontinue-2

ဒီတစ်ခါတော့ အဖြစ်ဆိုးလှချည်လား Sammy ရယ် …. 😀 🙂

ဒါနဲ့ မေးကြည့်ပါရစေဦးဗျ
[poll id=”3″]

Source: Android Central, The Next Web, ZDNet, Samsung

Leave a Reply

Your email address will not be published. Required fields are marked *