Samsung က ဒါလေးတွေ ထုတ်ဦးမှာတဲ့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Samsung က ထုတ်မယ့် ပစ္စည်း အသစ်တွေပါဆိုပြီး ဒီ ပုံလေးတွေ online မှာ leak ဖြစ်လာတယ်ဗျ။ Leak source က အင်မတန်မှ ယုံကြည်စိတ်ချရတဲ့ Evan Blass ရဲ့ VentureBeat က နေထွက်လာတာက တစ်ကြောင်း ၊ ပုံထဲက ဗူးပေါ်မှာ Samsung လို့ ပါတာက တစ်ကြောင်းရယ်ကြောင့် အာဂလန် ၊ မာဂလန် ၊ အာဖျံကွီး leak တော့ ဟုတ်ပုံ မပေါ်ပါဘူးလေဗျာ ၊ နော …

blog-gear-buds-fit2-leak

ဗူးကတော့ မျက်မှန်ဗူးတွေနဲ့တော့ ခပ်ဆင်ဆင်ရယ် ၊ အထဲက ဂြိုလ်သားမျက်လုံးလို ပြူးတူးတူးလေးက Samsung က အသစ်ထုတ်မယ့် wireless earbud တဲ့ခင်ဗျ။ သူက ဖုန်းမလိုပဲ stand-alone music player အနေနဲ့လည်း သုံးလို့ရမယ် ၊ အထဲမှာ 4GB storage ပါမယ် ၊ နားကြပ်ကို touch လုပ်ပြီး control လုပ်နိုင်မှာ ဖြစ်သလို ၊ fitness tracker အနေနဲ့ လည်း အလုပ်လုပ်ဦးမယ် ဆိုုတဲ့ သတင်း ရှိပါတယ်ဗျာ။

blog-gear-buds-fit2-leak-2

နောက်ပစ္စည်းကတော့ ၂၀၁၄ တုန်းက ထုတ်ထားတဲ့ Gear Fit ကို အဆင့်မြင့်ပြီး Gear Fit 2 အနေနဲ့ ထုတ်မယ် ၊ tracking တိကျအောင် GPS chipset ပါလာမယ် ၊ screen က 1.84 inch Super AMOLED display ဖြစ်မယ် စသဖြင့် Samsung က အသစ်ထုတ်ဖို့ရှိတဲ့ Wireless earbud နဲ့ Gear Fit 2 ရဲ့ လောလောဆယ် မသေချာသေးတဲ့ သတင်းတွေ ရှိနေကြောင်းပါဗျာ … 😀 🙂

Source: Venture Beat via Android Central

Leave a Reply

Your email address will not be published. Required fields are marked *