Samsung Galaxy View

~~~ ယူနီကုဒ်နဲ့ဖတ်မယ်ဆို

လာပါပြီဗျာ။ တလောက ကောလဟာလတွေ ထွက်နေတဲ့ Samsung ရဲ့ Galaxy View Tablet ပါ။ ခုခေတ်က သေးရာကနေ ကြီးကြီးလာတဲ့ ခေတ်လားတော့ မပြောတတ်ဘူးဗျ။ Apple ကလည်း ဆိုဒ်ကြီး iPad Pro တဲ့ ၊ နောက် Microsoft က လည်း ဆိုဒ်မသေးလှတဲ့ Surface တွေ ၊ ခု Samsung က လည်း Galaxy View ဆိုပဲ … 18.4 inch screen ဆိုတော့ နည်းနည်းနော်နော် ဆိုဒ်ကြီးထဲက မဟုတ်ဘူးဗျ

blog-galaxy-view-1

ဒါကြီးကိုင်ပြီး ဂိမ်းတွေဆော့ဖို့ကတော့ သိပ်မဖြစ်နိုင်ပေမယ့် ဗီဒီယိုတွေ ကြည့်မယ် ၊ အလုပ်တွေ လုပ်မယ်ဆိုရင်တော့ အဆင်ပြေလောက်တဲ့ အနေအထားပါ။ 18.4 inch ကြီး သယ်သွားနိုင်တယ် ဆိုရင်ပေါ့လေ။ သယ်သွားဆိုလို့ ဒီ tablet ကြီး ရဲ့ ထူးခြားချက်က သူ့မှာ လက်ကိုင်ကိုင်းကြီးပါတယ်ဗျ။ ကိုင်းကိုတော့ မမြင်ရဘူးပေါ့ဗျာ ၊ tablet ကို ထောက်တဲ့ kickstand မှ သေချာလေး ထည့်ပေးထားတာ။

blog-galaxy-view-2

ကျွန်တော်ထင်တယ် ၊ Samsung က ဒါကို ရွေ့ပြောင်း သယ်သွားဖို့ မရည်ရွယ်ပဲ ၊ အိမ်မှာ ၊ ရုံးမှာ ဖြစ်နိုင်ရင် အငြိမ်သုံးဖို့ ပိုပြီး ရည်ရွယ်ထားတဲ့ ပုံပဲဗျ။ Display က widescreen ဆိုတော့ video တွေ ကြည့်လို့ ကောင်းသလို ၊ လူနည်းတယ်ဆိုရင် presentation တွေကို projector မချိတ်ပဲ ပြလို့လည်း အဆင်ပြေလောက်မယ့် အရွယ်လို့ မှန်းရတာပဲခင်ဗျ.. dual 4W stereo speaker လည်း ပါတာကိုး…

ဟိုဟို ဒီဒီ သယ်သွားဖို့ မရည်ရွယ်ဘူးဆိုတဲ့ အချက်ထဲမှာ 2.65kg (5.65 Pound) လေးတာလည်း ပါတာပေါ့လေ … 😀 😛

blog-galaxy-view-4

Internal storage က 32 ဒါမှမဟုတ် 64 GB နဲ့ ရမယ် ၊ display က 18.4 TFT LCD (1080p, 123ppi) ၊ အရွယ်အစားက 275.8 x 451.8 x 11.9 mm ၊ ဘက်ထရီက 5700mAh ကို ၈နာရီ ဗီဒီယို ကြည့်နိုင်မယ်လို့တော့ Samsung က ပြောပါတယ်ဗျာ .. ၊ processor က 1.6 GHz octa-core CPU, 2GB RAM, 2.1 MP front camera (video conferencing လုပ်ဖို့ ထည့်ပေးထားတာ ၊ ဒါကြီးကိုင်ပြီး ဓာတ်ရိုက်လို့လည်း အဆင်မပြေတော့ နောက်ကင်မရာ မပါဘူးရယ်) ၊ nano-SIM slot လေးလည်း ပါသေးတယ်ဗျ။

blog-galaxy-view-3

သိရသလောက်လေးပေါ့ဗျာ၊ ပြန်ပြောပြတာ ၊ ဈေးကတော့ ခုထိ မသိရသေးပါဘူးဗျာ…

🙂 😀

Source: GSMArena
Photo: Samsung Tomorrow, Mashable

Leave a Reply

Your email address will not be published. Required fields are marked *