Samsung Galaxy Folder 2 ပါဗျာ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကဲ … ဂုခေတ်ကြီး ခေါက်ဖုန်းခေတ် မဟုတ်တော့ပါဘူး လို့ .. ဘူပြောမဲ …

Samsung က Galaxy Folder 2 လို့ နာမည်ပေးထားတဲ့ ဒီ ခေါက်ဖုုန်း အသစ်စက်စက်လေးကို ချပြလိုက်ပြန်ပါပြီဗျာ။ ၂၀၁၃ ခုနှစ်က ထုတ်ခဲ့တဲ့ Folder ရဲ့ မျိုးဆက်သစ် ၊ဒီဖုန်းမှာ ခေါက်ဖုန်းဖြစ်နေတာက လွဲလို့ Samsung ဖုန်းတွေမှာ မြင်နေကျ ပုံစံတွေ အားလုံး ပါတယ်ခင်ဗျ။

blog-galaxy-folder-2

Android 6.0.1 Marshmallow တင်ထားတယ် ၊ ၃.၈ လက်မ WVGA display ပါတယ် ၊ အတွင်းမှာက Qualcomm ရဲ့ Snapdragon 425 processor ၊ RAM က 2GB ၊ 16 GB Storage ကို MicroSD နဲ့ 128 GB အထိ ချဲ့လို့ ရမယ် ၊ နောက်ကင်မရာက 8 megapixel ၊ ရှေ့က 5 megapixel ။ ဘက်ထရီက 1,950 mAh ဆိုပေမယ့် ၊ ဒီဖုန်းလေးအတွက်တော့ လုံလောက်ပြီးသား အနေအထားမှာ ရှိပါတယ်ဗျာ။

blog-galaxy-folder-2-1

လောလောဆယ်တော့ Samsung China website မှာ တင်ထားပြီး စျေးကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင်ပါ။ အာရှစျေးကွက်တော့ အပြည့်အဝ ဖြန့်ချီမယ် မှန်းရပါတယ်ဗျ။ ဟိုးးးးး အရင်က ခေါက်ဖုန်းလေးမှ အားရတာ ဆိုရင်လည်း ကိုင်လို့ရပါပြီလို့ … 😀 🙂

Source: Digital Trends, Android Authority

Leave a Reply

Your email address will not be published. Required fields are marked *