Samsung ရဲ့ ခေါက်ဖုန်း အသစ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

တိတိတိ ၊ ကွိကွိကွိ နဲ့ ဖုန်းသံလေးတွေ လာတတ်တဲ့ ခေါက်ဖုန်းလေးတွေကို သတိရ တမ်းတလို့ ခေါက်ဖုန်းလေးကိုမှ ကြိုက်တယ် ဆိုရင် ဝမ်းမြောက် ဝမ်းသာ ထပ်ပြီး ကြိုဆိုရမယ့် သဘောပါ။

Samsung က ထုတ်ဖူးတဲ့ ခေါက်ဖုန်း Galaxy Folder ကို ထပ်ပြီး မွန်းမံထားတဲ့ Galaxy Folder 2 ထွက်မယ် ၊ ဘာ specification တွေ ပါမယ် ၊ စသဖြင့် leak အမှန်အကန်ကြီးတွေ ဒီနေ့ online မှာ ထွက်လာတယ် ခင်ဗျ။

blog-samsung-folder-2-1

အရင်က ထွက်ဖူးတဲ့ Folder ထက်သာတာကတော့ ပိုပါးသွားပြီး ရွှေရောင်လေး ပါလာလို့ ၊ ရွှေမြန်မာတွေများ အကြိုက်တွေ့မလား မသိ …

အတွင်းမှာ ပါမှာတွေကတော့ quad-core Snapdragon 425 SOC processor က 1.4 GHz နဲ့ ၊ ခေါက်ဖုန်းမို့ touch screen မပါဘူးထင်ရင်လည်း မှားဦးမယ်ဗျို့ ၊ သူ့မှာက 3.8 inch touchscreen display, resolution က 480 x 480 နဲ့ ပြပေးမယ် ၊ RAM က 2GB ၊ memory က 16GB ထိ expand လုပ်လို့ ရပြီး ၊ battery က 1,950mAh ပါပါမယ်တဲ့ဗျာ။

blog-samsung-folder-2-2

Camera ကတော့ main camera က 8 megapixel, front facing က 5 megapixel ဖြစ်မယ်။ အတုုိင်းအထွာက 122 x 60.2 x 15.5 mm ၊ အလေးချိန်က 155 g ၊ တင်ထားမှာက Android 6.0 Marshmallow တင်ထားမယ်လို့ အတိအကျကြီးကို leak ထားတာပါ။

blog-samsung-folder-2-3

ပြည်တွင်းလည်း ရောက်လာမယ် မှန်းတာမို့ ၊ ခေါက်ဖုန်းလေးမှ ဆိုလည်း အဆင်သင့်သာပြင်ထားပေတော့ဗျို့ …. 😛 😀

Source: GSMDome via GSMArena

Leave a Reply

Your email address will not be published. Required fields are marked *