Samsung ခေါက်ဖုန်း မကြာမှီ လာမည် … မျှော်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ခေါက်ဖုန်းက စျေးကြီးပေး ဝယ်ရတဲ့ အပြင် ၊ ပထမဆုံး ကိုင်တဲ့ ဖုန်းမို့ မပစ်ရက်ပဲ အမှတ်တရ အံ့ဆွဲထဲ ထည့်သိမ်းထားတုန်းဆိုရင်တော့ အဲ့ဒီ ခေါက်ဖုန်းကတော့ အခု “ဘယ်လိုရှိစ” လို့ ပြောနေလောက်ပြီဗျ။ ခလုတ်မပါတဲ့ touch တွေ ၊ super touch တွေ ပြီး ၊ အခု သံသရာ တစ်ပတ်လည် ခေါက်ဖုန်း ပြန်ရောက်လို့ လာပြန်ပါပြီ။

ဒီ သတင်းက ပြီးခဲ့တဲ့ နှစ်တွေ ထဲက ထွက်ထားပေမယ့် အခုတော့ အွန်လိုင်းပေါ် ပုံတွေ ရောက်လာတာပါ။ ပုံတွေကို ကြည့်ကြည့်ဗျ…

blog-samsung-flip-2

S6 Edge လေးနဲ့ တူတာ ၊ ဘေးမှန် အခုံးလေးတွေနဲ့ ရယ် ၊ သတင်းတွေ ထွက်လာတဲ့ အတိုင်းဆို ဒီဖုန်းရဲ့ အတွင်း ၊ အပြင် screen ၂ ခုက အရွယ်တူတယ်ဗျ။ 768 x 1,280px resolution (383ppi) နဲ့ပါ။ အရွယ်အစားက 120.4 x 61 x 15.1mm ကို 204g လေးတယ်လို့ ရေးထားပါတယ်။

blog-samsung-flip-1

3GB RAM ကိုမှ 64GB storage နဲ့လို့လည်း ပြောကြပါသေးတယ် ခင်ဗျ။ SIM switch ခလုတ်လည်း ပါတယ် ဆိုလား ပြောသေးတော့ ဒါ dual SIM ဖြစ်ဖို့ များပါတယ်။

blog-samsung-flip-4

ကင်မရာကတော့ သတင်းထွက်ထားတဲ့ အတိုင်းဆိုရင် 8MP နဲ့ 5MP ဖြစ်မှာပါ။ ခေါက်ဖုန်းရဲ့ အားသာချက်က နောက်ကင်မရာနဲ့ selfie ရိုက်လည်း အဆင်ပြေတာမို့ မဆီမဆိုင် တက္ကသိုလ် ကျောင်းသား ဘဝကိုတောင် သတိရမိသေး .. 😛 😀

blog-samsung-flip-3

Source: CNet Update, GSMArena

Leave a Reply

Your email address will not be published. Required fields are marked *