မီးလောင်တာတွေကို မေ့ထားလိုက်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

မယုံမရှိနဲ့ ၊ ဒီ ပစ္စည်းတွေကို တွေ့ပြီး ရင် ၊ Samsung က ထုတ်တဲ့ Note 7 က မီးလောင်လို့ ပြန်သိမ်းတာ ဟုတ်ရဲ့ လားလို့တောင် ထင်သွားမလား …. အဟက်ဟက် …

ကဲ… ဒီမှာ ကြည့် …

blog-samsung-accessory-1

ကိုးရီးယားမှာပဲ ဝယ်လို့ရပါတယ်ဆိုတဲ့ ဒီ Accessory တွေကို Samsung က မကြာခင်မှာ worldwide market တွေမှာ စရောင်းတော့မှာတဲ့ဗျ။

blog-samsung-accessory-2

ပထမဆုံး ပစ္စညး်လေးက ဒီလို ပုံစံအဆန်းလေးနဲ့ Wirelss Speaker လေး ၊ 360 degree surround sound ထုတ်ပေးမယ့် အပြင် ၊ အပျင်းပြေ အရောင်လေးတွေ ပြောင်းသုံးလည်း အဆင်ပြေမယ့် speaker ပါ။ ဥပမာ speaker ကို ကိုင်ပြီး ရေငှဲ့တဲ့ စတိုင်လေး ဖမ်းလိုက်မယ် ဆိုရင် နဂိုပါပြီးသား 16M-color LED တွေရဲ့ အလင်းအမှောင် ချိန်ပေးလို့ရမယ် ၊ အဲ့ဒါကိုမှ အားမရဘူး ဆိုရင် speaker လေးကို ကိုင်ပြီး လှုပ်လိုက် …. ဟော အရောင်ပြောင်းသွားရော…

blog-samsung-accessory-3

အဲ့ဒါမှမကြိုက်ရင် app လေး ရှိတယ်တဲ့ ၊ အာ့ ထည့်ရင်တော့ တချို့ဖုန်းတွေမှာ အမှောင်ခွင်းလို့ black screen ဖြစ်မယ် ဆိုလား ၊ precaution တွေကလည်း ရှိသေး … (Sammy Style 😛 😀 )

အဲ့ ၊ ဓာတ်ဗူး speaker ကိုမှာ အားမရသေးဘူး ဆိုရင် ၊ ဒီလို wirelss charging pad လေးလည်း ရှိတယ်။ ဓာတ်ဗူးလေးကိုတင်ပြီး wireless အားသွင်းလို့ရမယ် ၊ တဖက်ကလည်း ဖုန်းလေးတင်ပြီး အားသွင်းလို့ ရမယ် ၊ ဒါမှမဟုတ် cable နဲ့မှ ဆိုလည်း ကြိုးလေး နဲ့ အားသွင်းမယ်ဆိုလည်း ရတယ်ဗျာ ….

blog-samsung-accessory-4

ဓာတ်ဗူး နဲ့ ဓာတ်ခံ ကိုမှ အားမရပြန်ဘူး ဆိုရင် ဒီ ရေနွေးအိုးပုံ power bank လေးလည်း ပါပါ့။ သူ့မှာ ပါတဲ့ cable လေးကို ဘာ၊ ညာ ခေါက်လိုက်ရင် အားသွင်းရင်း movie လေး ၊ YouTube လေး ကြည့်ဖို့ kickstand က အဆင်သင့် …

blog-samsung-accessory-5

အဲ့ ရေနွေးအိုးကို မီးအိမ်လို သုံးချင်ရင် ၊ ဒီ မီးလုံးလေးကို ရေနွေးအိုးပေါ်တပ် …. ဟော … မီးလေး ရပြီ။

blog-samsung-accessory-6

မီးလေး ရပြီးလို့ ၊ outdoor ကို လည်လည် သွားမယ်ဆိုရင် အနည်းအကျဉ်း ရေစိုခံတဲ့ Bluetooth speaker လေးက ဒီမှာ … သီချင်း နားထောင်လို့ရမယ် ၊ ဖုန်းပြောလို့ ရမယ် .. စသဖြင့်ပေါ့ဗျာ။

blog-samsung-accessory-7

speaker နဲ့ နားထောင်တာ အားမရဘူး ဆိုရင် ၊ ဒီ flat fabric cable နဲ့ နားကြပ်လေးလညး် အဆစ် ပါသေး

blog-samsung-accessory-8

Worldwide market မှာ ရောင်းမယ်ပြောပေမယ့် ၊ မြန်မာ နိုင်ငံ မပါလာ ရင်တော့ ဘွားတေး …. လောလောဆယ် စျေးတော့ မသိရသေးဘူးဗျ ၊ မစားရ အညှော်ခံပေါ့ … 😛 😀

Source: Samsung Newsroom

Leave a Reply

Your email address will not be published. Required fields are marked *