S8 ဆို ….

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို ….

Samsung က အသစ်ထွက်မယ့် S8 ဖုန်းတွေနဲ့ ပတ်သက်လို့ ၊ case maker တွေ ဆီက ရတဲ့ အချက် အလက် တွေကို 3D render လုပ်ထားတဲ့ ပုံတွေ အင်တာနက်ပေါ် တက်လာ တယ်ဗျ။

တက်လာတဲ့ ပုံတွေ အရ ၊ S8 Plus နဲ့ S8 ဆိုပြီး ၂ မျိုး ထုတ်မယ် ဆိုလား …

Render လုပ်ထားတဲ့ ပုံတွေ အရ ၊ S8 Plus က 152.38 x 78.51 x 7.94 mm ရှိမယ်ဆိုတော့ကား … လက်ရှိ S7 Edge ထက် သာသာလေး ကြီးသွားမယ် ၊ screen ကတော့ …. ဟိုက်… ရှား … ဒီလို …

အစိမ်းရောင်တွေက ဘောင်တွေ ၊ အဝါရောင် က screen ဆိုတော့ ဘောင်ပျောက် သလောက် နီးနီး နဲ့ ဘေး အခုံး ပါ အပါ အဝင် ဆိုရင် screen က 6.3 inch များ ဖြစ်လေ မလား မသိ …

S8 ကျတော့ 140.14 x 72.20 x 7.30 mm ရှိပြီး လက်ရှိ S7 ထက် မဆို သလောက် သေးသွားမယ် ၊ ပါးသွားမယ် ပေါ့။ ဒီလို သေးပြီး ပါးသွားလို့ screen များ ထိခိုက်သွားလေ မလား မတွေးလိုက်နဲ့ …. ဒီလို …

Screen ကတော့ အခုံး မပါပဲ 5.7 inch များ ဖြစ်မလား မသိ …

ဒီလို အပါးလေး ဆိုရင်တော့ ကင်မရာက နောက်မှာ ဘုထွက်ဦးမလား လည်း ကြံဖန် တွေးမိသေး ၊ သို့ပေမယ့်လည်း S6 တုန်းက ဘု က S7 မှာ ပျောက်သွားလေတော့ S8 ကျ ရင် ပါလာမယ် မထင် ရပါဘူး လေနော …. ပါလာတော့ လည်း style ပေါ့ 😛 😀

Port က ပုံထဲက အတိုင်းဆိုရင် USB 2.0 ပဲ ဆိုတော့ headphone port လေးလည်း အရင်တိုင်း ပါဦးမယ် ထင်ပါ တယ်လေ ….

သို့ပေမယ့်လည်း ဒါက render လုပ်ထားတဲ့ 3D ပုံလေးပဲ ဆိုတော့ ၊ ဂယ် မဟုတ်လာခဲ့သည် ရှိသော် … ဘွာတေး …. 😛 😀

Source: GSM Arena

Leave a Reply

Your email address will not be published. Required fields are marked *