S7 က ဒီလိုမျိုးပါတဲ့ဗျာ

~~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

၂၁ ရက်နေ့ကျရင် ချပြမယ့် S7 နဲ့ ပတ်သက်လို့ ၊ ဒီ display phone ပုံလေး အင်တာနက်ပေါ် leak ဖြစ်လာပါတယ်ဗျ။

blog-s7-leak

ပုံအရတော့ အနောက်ဖက်ကို ခုံးခုံးလေးနဲ့ Note 5 နဲ့ ခပ်ဆင်ဆင်ရယ် ၊ ကြည့်ရသလောက်တော့ အရှေ့ဖက်မှာ screen ဘေးကဘောင် bezel က S6 ထက်တောင် ကျဉ်းသေးတဲ့ ပုံပဲ ၊ နောက်တွေ့လားဗျ …. 7 ၊ 7 ချင်းတူတူ Samsung က Apple ထက် ဦးသွားပြီ ထင်တယ် ၊ နောက်မှာ ပစ်ထွက်နေတဲ့ ကင်မရာဘုုလေး မရှိတော့ သလိုပဲ ၊ (ဟဲဟဲ … ရန်တိုက်ပေးတာ) ပုံကြောင့်လားတော့ မပြောတတ် …

တခြား ကောလဟာလတွေကတော့ port ကို microUSB အစား type C ပြောင်းသုံးမယ် ၊ ဘက်ထရီက ၂ ရက် ခံမယ် ၊ နောက် IP68 certification အရ ရေစိုခံမယ် ဆိုလား သို့လော သို့လော တွေတော့ ရှိထားကြောင်းပါဗျာ။ 😀 🙂

Source: PC Mag

Update

ဒီမနက်တော့ ဒီလို အရောင်တွေ ဖြစ်မယ်ဆိုပြီး ပုံတွေ ထပ် leak ဖြစ်လာ ပါသေးတယ်ဗျာ။

14555078037221418083671

Leave a Reply

Your email address will not be published. Required fields are marked *