လက်မှာပတ်ဖို့ tablet လာပြီ

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

လက်မှာ smartwatch ပတ်ရတာ ရိုးတယ် ၊ အိတ်ထဲက ဖုန်း ထုတ်ထုတ်ကြည့်ရတာလည်း ပိန်းတယ် ထင်ရင် ၊ မကြာခင် လက်မှာပတ်လို့ ရတဲ့ tablet ကို ဝယ်လို့ ရတော့ မှာပါဗျာ။ Bigger is better ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ Rufus Labs က လက်မှာ ပတ်လို့ ရတဲ့ tablet – Rufus Cuff ကို 249$ နဲ့ pre-order စယူ နေတာပါ။ သူများက Smaller, thinner ဆိုမှ၊ သူတို့က bigger is better … 😛 😀

blog-cuff

Rufus Labs က ၂၀၁၄ ကစလို့ crowd funding နဲ့ အများပြည်သူ ထောက်ပံံ့ငွေ ကောက်ခံပြီး အခု အမှန်တကယ် အကောင်ထည် ဖြစ်လာတဲ့ ပုံပါ။ 3.2 inch screen မှာ ဘာဘာညာညာ ကျယ်ကျယ် ဝန်းဝန်းလုပ်လို့ ရပြီး ရေစိုခံမှာ ဆိုတော့ ၊ မိုးရေထဲပဲ Facebook သုံးသုံး…. speaker ၊ front-facing camera ၊ dual microphone တို့ပါလို့ လမ်းမှာ သွားသွားလာလာ video chat ပဲ လုပ်လုပ် ၊ ငယ်ငယ်တုန်းက အားကျတဲ့ Power Ranger တွေလို အိုက်တင်ပဲ ဖမး်ဖမ်း ၊ လက်မှာ ကိုးလို့ ကန့်လန့် အရွယ် အပြားတစ်ပြား အတင်ခံနိုင်တယ် ၊ ၂၅၀ ဒေါ်လာလောက် က အေးဆေး အကန့်ထဲဝင်တယ် ၊ နိုင်ငံရပ်ခြား နဲ့လည်း အဆက်အသွယ် ရှိတယ် ဆိုရင် ၊ သူတို့ website မှာ အခု pre-order မှာရင် ၂၀၁၆ နှစ်ဆန်းပိုင်းမှာ စပြီး ship လုပ်ပေးမယ် ဆိုတဲ့ အကြောင်းလည်း သတင်းပေး ပါရစေဦးဗျ။

Go… Go… Power Rangers !!

😛 😀

Source: Digital Trends

[vimeo video_id=”132893263″ width=”640″ height=”360″ ]

Leave a Reply

Your email address will not be published. Required fields are marked *